ပုသိမ်အမှတ် ၂ တံတားပေါ်မှ ခုန်ချသွားသည့် လူငယ်အမျိုးသား၏ ရုပ်အလောင်းအား ယနေ့တွေ့ရှိ

0
131

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်အမှတ် (၂) တံတားပေါ်မှ ခုန်ချသွားသည့် အမျိုးသား၏ ရုပ်အလောင်းအား ယနေ့ ဇူလိုင်လ ၂၄ ရက် နံနက်က ပြန်လည်ရှာတွေ့ခဲ့ကြောင်း မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ ပုသိမ် ထံမှ သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက် ည ၈ နာရီအချိန်ခန့်က အသက် ၂၀ အရွယ်ရှိ မောင်ဖြိုးပြည့်စုံသည် ပုသိမ်အမှတ် ၂ တံတားပေါ်မှခုန်ချသွားခဲ့ခြင်းဖြစ်ကာ ယနေ့နံနက် ၉ နာရီအချိန်ခန့်တွင် ငပုတောမြို့နယ် ရေတွင်းကုန်းလေးကျွန်းထိပ်၌ အလောင်းပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြန်လည်တွေ့ရှိသည့် ရုပ်အလောင်းတွင် ပြင်ပဒဏ်ရာမတွေ့ခဲ့ရဘဲ ရုပ်အလောင်းအား ပုသိမ်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ ပုသိမ်မြို့


LEAVE A REPLY

Please enter your comment!
Please enter your name here