မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ကျိုက်ထီးရိုးဘုရား တောင်တက်ကားလမ်းပေါ်ရှိ “လေးဖာတော” တံတား ပြန်လည်ပြုပြင်ပြီးစီး

0
160

မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ပျက်စီးသွားခဲ့သည့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဘုရား တောင်တက်ကားလမ်းပေါ်ရှိ “လေးဖာတော” တံတားကို ပြန်လည်ပြုပြင်ပြီးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနေ့ပဲ ကားတွေကို ပြန်ပြီးဖြတ်သန်းခွင့်ပြုနေပါပြီ။ ကျိုက်ထီးရိုးဘုရား တောင်တက်ကားလမ်းကိုလည်း ပြန်ဖွင့်လိုက်ပါပြီ။ အဲဒီတံတား မိုင်းခွဲခံရပြီးချိန်နဲ့ ပြန်လည်ပြုပြင်နေချိန်တုန်းက ကားလမ်းကို ဖြတ်သန်းခွင့် ပိတ်ထားခဲ့ပါတယ်။ ရက် ၂၀ လောက်ပိတ်ထားခဲ့တယ်”ဟု ဒေသခံတစ်ဦးကပြောကြားသည်။

အဆိုပါ ကျိုက်ထီးရိုးတောင်တက်ကားလမ်းပေါ်ရှိ လေးဖာတောတံတားအား လက်နက်ကိုင်အဖွဲ့ဝင်များက ဇူလိုင်လ ၆ ရက်၊ နေ့လည် ၃ နာရီခွဲခန့်က မိုင်းခွဲဖျက်ဆီးခဲ့ကြသဖြင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ လုံခြုံရေးအဖွဲ့ဝင်များက ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဖြတ်သန်းသွားလာခွင့်ယာယီပိတ်ပြီးနောက် တံတားပြင်ဆင်ရေးလုပ်ငန်းများအား လုံခြုံရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အချိန်နှင့်တပြေးညီ ပြုလုပ်ခဲ့ကြသဖြင့် ဇူလိုင်လ ၂၅ ရက် (ယနေ့)တွင် ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် လေးဖာတောတံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ည ၇ နာရီကျော်ခန့်တွင် လုံခြုံရေးအဖွဲ့များက တောင်တက်ကားဂိတ်အနီး စစ်ဆေးစဉ် မိုင်းခွဲဖျက်ဆီးခဲ့သူ (၃) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here