တိုင်ဖွန်းမုန်တိုင်းကြောင့် စစ်ရေးလေ့ကျင့်မှုဖျက်သိမ်း

0
124

တိုင်ပေ၊ဇူလိုင် ၂၅

ထိုင်ဝမ်၌ လေးနှစ်တာကာလအတွင်း ဖျက်အားအပြင်းဆုံးဖြစ်နိုင်သည်ဟု ပညာရှင်များယူဆထားသော တိုင်ဖွန်းမုန်တိုင်းကြောင့် သက်ဆိုင်ရာအာဏာပိုင်များက ပြင်ဆင်မှုများပြုလုပ်နေသဖြင့် ၎င်းတို့၏နှစ်စဉ်ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုများအား ဖျက်သိမ်းလိုက်ကြောင်းသိရှိရသည်။

သို့သော်အဆိုပါတိုင်ဖွန်းမုန်တိုင်းသည် ငါးရက်ကြာပြုလုပ်ရန်ရည်ရွယ်ထားသည့် ၎င်းတို့၏စစ်ရေးလေ့ကျင့်မှုအပေါ် မည်ကဲ့သို့သက်ရောက်မှုရှိနိုင်သည်ကို ရှင်းရှင်းလင်းလင်းမသိရသေးကြောင်းလည်းပြောကြားခဲ့သည်။

အဆိုပါလေ့ကျင့်မှု၌ ထိုင်ဝမ်၏အပြည်ပြည်ဆိုင်ရာလေဆိပ်အားကာကွယ်ရန်နှင့်တရုတ်ကပိတ်ဆို့လာသည့်အခါ ကျွန်းနိုင်ငံအ‌နေဖြင့် မည်ကဲ့သို့ဖောက်ထွက်မည်၊ပင်လယ်လမ်းကြောင်းပွင့်နေစေရန်မည်သို့လုပ်ဆောင်မည်ဟူသောလေ့ကျင့်မှုများပါထည့်သွင်းဆောင်ရွက်မည်ဟုသိရသည်။

သို့‌‌သော် ထိုင်ဝမ်မိုးလေဝသဗျူရိုက ပင်လယ်ရေအတွက်သတိပေးချက်ထုတ်ပြန်ထားပြီး မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုများအတွက် ကြိုတင်ပြင်ဆင်ထားရန်တိုက်တွန်းထားသဖြင့် စစ်ရေးလေ့ကျင့်မှုအားဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ပေကျင်းနှင့်ဖိလစ်ပိုင်တို့၌လည်း ယခုဖြစ်ပေါ်နေသည့်တိုင်ဖွန်းမုန်တိုင်းနှင့်ပတ်သက်၍ သတိပေးချက်များကို အသီးသီးထုတ်ပြန်ထားပြီး ပေကျင်းအာဏာပိုင်များကမူ ငါးဖမ်းလှေများကိုပါငါးရှာမထွက်ရန်သတိပေးထားသည်ဟုလည်းသိရှိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here