အမေရိကန်ရေငုပ်သင်္ဘော တောင်ကိုရီးယားသို့ရောက်လာသဖြင့် မြောက်ကိုရီးယားကဒုံးကျည်နှစ်စင်းပစ်လွှတ်

0
192

ဆိုးလ်၊ဇူလိုင် ၂၅

အမေရိက၏နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောသည် တောင်ကိုရီးယားရှိ ရေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိလာပြီးနောက် မြောက်ကိုရီးယားက ၎င်း၏အရှေ့ဘက်ကမ်းရိုးတန်းရှိ ပင်လယ်ထဲသို့ ပဲ့ထိန်းဒုံးကျည်နှစ်စင်းပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်ကပြောကြားခဲ့သည်။

မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက လည်းသတင်းထုတ်ပြန်ခဲ့ပြီး နှစ်ခုစလုံးသည် ၎င်း၏သီးသန့်စီးပွားရေးဇုန်အပြင်ဘက်သို့ ကျရောက်ခဲ့သည်ဟုလည်းပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏စမ်းသပ်ပစ်လွှတ်မှုများသည် အမေရိကနှင့်တောင်ကိုရီးယားတို့၏ စစ်ရေးလေ့ကျင့်မှုအရှိန်မြှင့်တင်ပြီး ပြင်ဆင်နေမှုများကြောင့် ကိုရီးယားကျွန်းဆွယ်၌တင်းမာမှုမြင့်တက်နေစဉ် ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

မြောက်ကိုရီးယားဘက်ကမူ အမေရိကန်နှင့်တောင်ကိုရီးယားတို့၏ ယခုလိုတပ်ဖြန့်မှု၊စစ်ရေးလေ့ကျင့်မှုများသည် မြောက်ကိုရီးယားအား နျူအသုံးပြုသည်အထိဖြစ်လာစေနိုင်သည်ဟု‌ဆိုခဲ့သည်။

အမေရိကန်အနေဖြင့်မူ ၎င်း၏မဟာမိတ်နှင့် မြောက်ကိုရီးယား၏ဒုံးကျည်ပစ်လွှတ်မှုများအား အနီးကပ်ဆွေးနွေးနေပြီး တနင်္လာနေ့ကပစ်လွှတ်ခဲ့သောဒုံးကျည်ကြောင့် အမေရိကန်အရာရှိများနှင့်၎င်း၏မဟာမိတ်များအား ခြိမ်းခြောက်မှုတစ်စုံတစ်ရာတော့မဖြစ်ခဲ့ကြောင်းပြောကြားခဲ့သည်။

ယမန်နေ့အစောပိုင်းကလည်း တောင်ကိုရီးယားရှိဂျဲဂျူးကျွန်းသို့ စစ်လက်နက်ပစ္စည်းများတင်ဆောင်ထားသည့် အမေရိကန်၏နျူစွမ်းအင်သုံးရေငုပ်သင်္ဘောတစ်စင်း လာရောက်ခဲ့သေးကြောင်းလည်း‌ တောင်ကိုရီးယားရေတပ်က ပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here