တရုတ်ထုတ် Tesla ကားများ တောင်ကိုရီးယားသို့ တင်ပို့

0
150

တရုတ်နိုင်ငံတွင် ထုတ်လုပ်သော Tesla ကားများကို တောင်ကိုရီးယားနိုင်ငံ ကားဈေးကွက်သို့ မကြာသေးမီက ပထမဆုံးအကြိမ်အဖြစ် တင်ပို့ခဲ့သည်။

တရုတ်နိုင်ငံရှိ Tesla Shanghai Gigafactory မှထုတ်လုပ်သော Tesla Model Y (Rear-Wheel Drive)များကို တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့ရောင်းချခြင်းဖြစ်ကာ၊ ယင်းသည် တောင်ကိုရီးယား ကားဈေးကွက်သို့ စတင်ဝင်ရောက်ခြင်းဖြစ်ကြောင်း သိရသည်။

Tesla Shanghai Gigafactory စက်ရုံသည် ယခုနှစ် ပထမနှစ်ဝက်အတွင်းတွင်ပင် နိုင်ငံတကာသို့ ကားအစီးရေပေါင်း ၅သိန်းနီးပါး(၄၇၆၅၀၀ စီး)တင်ပို့ခဲ့ပြီးဖြစ်သည်။ ထိုစက်ရုံတွင် ကားတစ်စီးကို စက္ကန့် ၄၀မျှ ပင်မကြာပဲ တပ်ဆင်ထုတ်လုပ်နိုင်ကြောင်းသိရသည်။

Tesla Shanghai Gigafactory သည် ထိုင်းနိုင်ငံသို့လည်း Tesla ကားများကို ယခုနှစ် အစပိုင်းက တင်ပို့ခဲ့ပြီးဖြစ်သည်။

ယခင်က တောင်ကိုရီးယားနိုင်ငံသည် အမေရိကန်ပြည်ထောင်စုရှိ Fremont စက်ရုံထုတ် Tesla ကားများကို တင်သွင်းခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here