မြန်မာ-ရုရှား ဥပဒေရေးရာနှင့်တရားစီရင်ရေးဆိုင်ရာတို့၌ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်သွားရန် နစက ဥက္ကဋ္ဌနှင့်ရုရှားနိုင်ငံ တရားသူကြီးချုပ်တို့ဆွေးနွေး

0
202

မြန်မာ-ရုရှား ဥပဒေရေးရာနှင့်တရားစီရင်ရေးဆိုင်ရာတို့၌ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်သွားရန် နစက ဥက္ကဋ္ဌနှင့်ရုရှားနိုင်ငံ၊တရားရုံးချုပ်၊တရားသူကြီးချုပ် H.E.Mr. Vyacheslav Lebedev တို့တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

နစက ဥက္ကဋ္ဌမှ ရုရှားနိုင်ငံ၊တရားရုံးချုပ်၊တရားသူကြီးချုပ် H.E.Mr. Vyacheslav Lebedev အား ဇူလိုင် ၂၅ ရက်(ယနေ့)နံနက်ပိုင်းက နေပြည်တော်၌လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံကြား သံတမန်ဆက်ဆံရေးဆိုင်ရာတိုးတက်ကောင်းမွန်မှု၊ ဥပ ဒေရေးရာကိစ္စရပ်များနှင့်တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်သွားရေးတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံမှ ဥပဒေပညာရှင်များ ရုရှားနိုင်ငံတွင် ဥပဒေပညာရပ်များလေ့လာနိုင်ရေး၊ ဥပဒေရေးရာကဏ္ဍနှင့်တရားစီရင်ရေးဆိုင်ရာကဏ္ဍများတွင် နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်အောင်ဆောက်ရွက်သွားရေး၊ နှစ်နိုင်ငံကြား ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဘက်အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦး၊ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသီတာဦးတို့တက်ရောက်ခဲ့ကြပြီး ရုရှားနိုင်ငံ တရားရုံးချုပ်၊တရားသူကြီးချုပ်နှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here