လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရေး ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် UNHCR ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေး

0
131

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့သည် ဇူလိုင်လ ၂၅ ရက်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi က ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအတွင်း UNHCR ၏ လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ကရင်ပြည်နယ်အတွင်းရှိ ထိခိုက်လွယ်သောပြည်သူများအပါအဝင် နေရပ်ရွှေ့ပြောင်းနေရသူများနှင့် ဌာနေပြန်များအတွက် အကူအညီပေးနိုင်ရေး အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

မီးဖိုချောင်သုံး ပစ္စည်းများ၊ ခြင်ထောင်၊ အမျိုးသမီးသုံးပစ္စည်းနှင့်အခြားပစ္စည်းများ စသည့် အစားအစာမဟုတ်သော ပစ္စည်းများဖြန့်ဝေပေးခြင်း အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရေးနှင့် စပ်လျဉ်းသည့် အကြောင်းအရာများ၊ သဘာဝဘေးနှင့် အခြားဘေးဒုက္ခရောက်သူများကို လူထုဖွံ့ဖြိုးရေးစီမံချက်ဖြင့် ဆိုလာမီးတပ်ဆင်ခြင်းလုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေး၊ သောက်သုံးရေရရှိရေးလုပ်ငန်းများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

MOU သက်တမ်းတိုးဆဲကာလဖြစ်သည့်အတွက် သက်တမ်းတိုးပြီးပါက သက်ဆိုင်ရာစီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိင်း၍ အကူအညီပေးနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့် ပြည်နယ်အတွင်း လုပ်ငန်းများစတင်ဆောင်ရွက်ပါက လစဉ်အစီရင်ခံစာများ တင်ပြပေးရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်မှ ပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here