ရှိီနှင့် လီချန် က ဟွန်ဆန်အနိုင်ရမှုအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့

0
124

ဖနွမ်းပင်၊ဇူလိုင် ၂၅

တရုတ်သမ္မတရှီနှင့် ဝန်ကြီးချုပ်လီချန်တို့သည် ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာဟွန်ဆန်ထံသို့ (၇) ကြိမ်မြောက် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ၌ အောင်မြင်မှုရရှိသည့်အတွက် ဂုဏ်ပြုကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်ဟုသိရသည်။

အဆိုပါဂုဏ်ပြုမှတ်တမ်းအား ကမ္ဘောဒီးယားရှိတရုတ်သံရုံးမှတစ်ဆင့်ပေးအပ်ခဲ့ခြင်းလည်းဖြစ်သည်။

တရုတ်သမ္မတရှီကမူ မစ္စတာဟွန်ဆန်၏လက်ထက်၌ ကမ္ဘောဒီးယားသည်နိုင်ငံရေးနှင့်စီးပွားရေးတည်ငြိမ်မှုများရရှိခဲ့ပြီး လူနေမှုအဆင့်အတန်း၌လည်း ဒေသတွင်းတွင်သာမက နိုင်ငံတကာ၌ပါနာမည်ကောင်းရရှိစေခဲ့သည်ဟုဆိုခဲ့သည်။

တရားဝင်မဟုတ်သေးသောရလဒ်များအရ CPP သည် အမျိုးသားလွှတ်တော်တွင် အမတ်နေရာ ၁၂၀ နေရာရရှိထားပြီး FUNCINPEC ပါတီသည် အမတ်နေရာငါးနေရာအနိုင်ရနေသည်ဟုသိရှိရသည်။

ကမ္ဘောဒီးယားရွေးကောက်ပွဲ၌ လူဦးရေ ၈ သန်းကျော်မှတ်ပုံတင်ထားပြီး မဲဆန္ဒရှင် ၈၄ ဒသမ ၅၈ ရာခိုင်နှုန်းရှိကာ ကမ္ဘာပေါ်၌အများဆုံးမဲပေးသည့်နိုင်ငံလည်းဖြစ်လာခဲ့သည်။

Source : Khmertimes


LEAVE A REPLY

Please enter your comment!
Please enter your name here