MNA လေကြောင်းလိုင်းနှင့် King Power တို့ ပူးပေါင်း၍ ခရီးသည်များအတွက် လျှော့ဈေးများပေးမည်

0
137

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) နှင့် King Power တို့ပူးပေါင်း၍ နိုင်ငံတကာခရီးသည်များအတွက် ထိုင်းနိုင်ငံရှိ King Power Duty Free ဆိုင်များတွင် ပစ္စည်းဝယ်ယူခြင်းများအတွက် လျှော့စျေးများ ပေးအပ်သွားမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းမှ အသိပေးထုတ်ပြန်ထားသည်။

အဆိုပါကြေညာချက်တွင် ထိုင်းနိုင်ငံရှိ King Power Duty Free ဆိုင်များတွင် MNA International Boarding Pass ပြရုံဖြင့် သတ်မှတ်ထားသော ပစ္စည်းများမှ အနည်းဆုံး ထိုင်းဘတ် (5000) ဖိုးဝယ်ယူခြင်းအတွက် ထိုင်းဘတ် (500) လျှော့ဈေးနှင့် ထိုင်းဘတ် (3000) ဖိုးဝယ်ယူခြင်းအတွက် ထိုင်းဘတ် (200) လျှော့ဈေး ပေးအပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်း promotion ကာလကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၃၀)အထိ ပြုလုပ်ပေးထားပြီး Discount ရရှိနိုင်မည့် King Power ဆိုင်များမှာ King Power Suvarnabhumi၊ Don Mueang ၊ Chiang Mai ၊ Phuket ၊ U-Tapao Airports ၊ King Power Rangnam ၊ Srivaree ၊ Pattaya နှင့် Phuket တို့ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း ယင်းအစီအစဉ်ကို ပြုလုပ်ခဲ့ပြီး မြန်မာအမျိုးသား လေကြောင်းလိုင်းအနေဖြင့် လက်ရှိတွင် မြန်မာနိုင်ငံရှိ မြို့ကြီး (၂၈) မြို့နှင့် ပြည်ပ (၅) နိုင်ငံသို့ လေကြောင်းလိုင်းများ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here