စင်ကာပူတွင် အမျိုးသမီးတစ်ဦးကို ပထမဆုံး အကြိမ် ကြိုးစင်တင်သတ်မည်

0
3116

စင်ကာပူသည် နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ်အနေဖြင့် မူးယစ်ဆေးဝါး ရောင်ဝယ်ဖောက်ကားမှုဖြင့် ပြစ်ဒဏ်ကျခံနေရသော အမျိုးသမီးတစ်ဦးကို သေဒဏ်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတွင်းရှိ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုက အခိုင်အမာပြောကြားခဲ့သည်။

ထိုအအမျိုးသမီးမှာ အသက် ၄၅ နှစ်အရွယ် ဆာရီဒေဝီ ဂျာမနီ ဆိုသူဖြစ်ပြီး ကြိုးစင်ပို့ခံရမည့် အကျဉ်းသား နှစ်ဦးထဲမှ တစ်ဦးဖြစ်သည်။

အခြားအကျဉ်းသားမှာ ၅၆ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဘိန်းဖြူ ၅၀ ဂရမ် မှောင်ခိုကူးမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသူဖြစ်သည်။ ထိုအမျိုးသားအား ဇူလိုင်လ ၂၆ ရက် ဗုဒ္ဓဟူးနေ့တွင် ကြိုးမိန့်ချရန် စီစဉ်ထားကြောင်း သိရသည်။

ဆာရီဒေဝီသည်လည်း ဘိန်းဖြူ ၃၀ ဂရမ် မှောင်ခိုကူးမှုဖြင့် ၂၀၁၈ ခုနှစ်တွင် သေဒဏ်ကျခံရန် စီရင်ချက်ချခံခဲ့ရသည်။ သူ့ကိုမူ ဇူလိုင် ၂၈ ရက် သောကြာနေ့ရောက်မှ ကြိုးမိန့်ချသွားမည်ဖြစ်သည်။

အဆိုပါ ကြိုးမိန့်ချခြင်းသာ အမှန်တကယ်ဖြစ်လာပါက ဆာရီဒေဝီသည် စင်ကာပူ၌ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး ကြိုးပေးခံခဲ့ရသည့် အမျိုးသမီးဖြစ်လာမည် ဖြစ်သည်။

လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ အဆိုအရ ၎င်းတို့နှစ်ယောက်စလုံးသည် စင်ကာပူနိုင်ငံသားများ ဖြစ်သည်။ လူ့အခွင့်အရေး အဖွဲ့အစည်းများက အစိုးရအား ကြိုးပေးခြင်းကို ရပ်တန့်ပေးရန် တောင်းဆိုထားသည်။ အကျဉ်းထောင် အရာရှိများကမူ ထိုနှစ်ဦးအား ကြိုးပေးမည်ဆိုသည်ကို အတည်မပြုထားသေးပေ။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here