အာဖရိကသို့ ဂျုံနှင့်ဓာတ်မြေသြဇာများရုရှား ဆက်လက်ထောက်ပံ့မည်ဟုဆို

0
204

အစ္စတန်ဘူလ်၊ဇူလိုင် ၂၆

ရုရှားသမ္မတ ဗလာဒီမာပူတင်က ၎င်း၏နိုင်ငံသည် အာဖရိကသို့ စပါးနှင့်ဓာတ်မြေသြဇာများထောက်ပံ့ရေးအား ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယခုအပတ်နှောင်းပိုင်း၌ကျင်းပရန်စီစဉ်ထားသည့် ဒုတိယအကြိမ်မြောက် ရုရှား – အာဖရိက ထိပ်သီးအစည်းအဝေးမတိုင်မီ ပြောကြားခဲ့သည်။

အနောက်အုပ်စုက ပိတ်ဆို့အရေးယူထားသော်လည်း ရုရှားသည် အာဖရိကသို့ ဂျုံ၊ အစားအစာ၊ဓာတ်မြေသြဇာနှင့် အခြားအရာများ ထောက်ပံ့ရေးကို အားသွန်ခွန်စိုက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

ယင်းနောက်ဆက်လက်၍ သမ္မတပူတင်က အနောက်အုပ်စုသည် ပင်လယ်နက်သဘောတူညီချက်အရ ယူကရိန်းဂျုံများကို တစ်ဖက်လှည့်နှင့်ပြန်ရောင်းနေခြင်းဖြစ်ပြီး အမေရိကန်နှင့်ဥ‌ရောပတို့ကိုသာကြွယ်ဝစေသည်ဟုလည်းပြောကြားခဲ့သည်။

ယခုသဘောတူညီချက်အရ တစ်နှစ်တာကာလအတွင်း ယူကရိန်းဂျုံတန်ချိန်ပေါင်း ၃၂ ဒသမ ၈ ဘီလျံခန့် တင်ပို့နိုင်ခဲ့သော်လည်း အဆိုပါစုစုပေါင်းပမာဏ၏ ၇၀ ရာခိုင်နှုန်းသည် ဝင်ငွေအမြင့်နှင့်အလယ်အလတ်ရှိသောနိုင်ငံများဆီသို့ရောက်ရှိသွားပြီး ကျန်ပမာဏသာလျှင်နွမ်းပါးသောအာဖရိကနိုင်ငံများဖြစ်သည့် အီသီယိုးပီးယား၊ဆူဒန်၊ဆိုမာလီးယား၊ယီမင်နှင့်အာဖဂန်နစ္စတန်နိုင်ငံများသို့ရောက်ရှိခြင်းဖြစ်သည်ဟုလည်းဆိုခဲ့သည်။

ရုရှားကမူ ပင်လယ်နက်သဘောတူညီချက်သည်ယူကရိန်းအတွက်သာဖြစ်ပြီး ရုရှားအတွက်သ‌ဘောတူညီချက်အတိုင်းဖြည့်ဆည်းပေးခြင်းမရှိဟုဆိုကာ ဇူလိုင်လ ၁၇ ရက်နေ့ကနှုတ်ထွက်ခဲ့သည်။

Source : Khmer Times


LEAVE A REPLY

Please enter your comment!
Please enter your name here