အလုပ်အကိုင်အခွင့်အလမ်း (၆၀၀) ကျော်ဖန်တီးပေးနိုင်မည့် ဟိုတယ်လုပ်ငန်း (၁) ခု ရန်ကုန်တွင် လုပ်ကိုင်ရန်ခွင့်ပြု

0
210

ရန်ကုန်မြို့၌ အလုပ်အကိုင်အခွင့်အလမ်း (၆၀၀) ကျော်ဖန်တီးပေးနိုင်မည့် ဟိုတယ်လုပ်ငန်း (၁) ခုလုပ်ကိုင်ရန် လျှောက်ထားမှုကို ရင်းနှီးမြှုပ်နှံမှုကော်မတီက ယနေ့ ဇူလိုင် (၂၆) ရက်တွင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ယနေ့ ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးမှ မတည်ရင်းနှီးငွေ ကျပ် ၅၉၇၀ ဒသမ ၂၃၉ သန်းရှိသည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သော ဟိုတယ် လုပ်ငန်းအား အတည်ပြုခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အလုပ်အကိုင်အခွင့်အလမ်း (၁၈၀၂) ဦးအတွက် အလုပ်အကိုင်များရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခုအပါအဝင် အထွေထွေကိစ္စများ တင်ပြလာသည့် ကုမ္ပဏီ (၅)ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းတက်ရောက် အမှာစကားပြောကြားခဲ့ပြီး ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ၏ ထုတ်လုပ်သည့် ပစ္စည်းနမူနာများကိုလည်း ကြည့်ရှုခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here