အလုံမြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွား

0
255

ရန်ကုန်တိုင်း၊အလုံမြို့နယ်၊ဌာနာရပ်ကွက်၊နံ့သာလမ်းရှိ တိုက်ခန်းတစ်ခုတွင် ဇူလိုင် ၂၆ ရက်(ယနေ့)ညနေ ၄ နာရီ ၄၇ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်ရှင်သန်ရေးကူညီမှုအသင်းတို့မှ သိရသည်။

“မီးလောင်တဲ့သတင်းကြားလို့ မီးသတ်တပ်ဖွဲ့နဲ့အတူဝိုင်းငြှိမ်းပေးခဲ့တာပါ မီးလောင်ချိန် ၁ နာရီကျော်လောက်ကြာပါတယ် ဖြစ်စဥ်နဲ့ဆုံးရှုံးမှုတန်ဖိုးကို မီးသတ်ကစစ်ဆေးခဲ့ကြပါတယ် ထိခိုက်ဒဏ်ရာရတာတွေမရှိပါဘူး”ဟု ရှင်သန်ရေးကူညီမှုအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုအား အလုံမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက Level 1 အဆင့်ဖြင့်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ညနေ ၅ နာရီ ၂၅ မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး ညနေ ၅ နာရီ ၅၇ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here