ဖိလစ်ပိုင်၌ တိုင်ဖွန်းမုန်တိုင်းကြောင့် လူထောင်ပေါင်းများစွာ လျှပ်စစ်မီးမရကြဟုဆို

0
145

မနီလာ၊ဇူလိုင် ၂၆

ဖိလစ်ပိုင်၌ တိုင်ဖွန်းမုန်တိုင်း‌ဒေါ့ခ်ဆူရီသည် ယမန်နေ့ဇူလိုင် ၂၆ ရက်တွင် ကုန်းတွင်းပိုင်းသို့ဝင်ရောက်ခဲ့ပြီး လေပြင်းများတိုက်ခတ်ကာ မိုးရွာသွန်းမှုများကြောင့် နိုင်ငံမြောက်ပိုင်းတွင် မြစ်များရေလျှံတက်ကာ လူထောင်ပေါင်းများစွာ လျှပ်စစ်ဓာတ်အားပြတ်တောက်နေခဲ့သည်ဟုသိရသည်။

ယခုမုန်တိုင်းသည် လေတိုက်နှုန်း ၁၇၅ ကီလိုမီတာအထိရှိလာလိမ့်မည်ဟုခန့်မှန်းထားပြီး မုန်တိုင်းမတိုင်မီ ကမ်းရိုးတန်းရှိဒေသခံများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရက  ထိုင်ဝမ်နှင့်တရုတ်နိုင်ငံသို့ဦးတည်နေသည့်လမ်းကြောင်းနှင့်အားအတိုင်း ဆက်လက်တည်ရှိနေမည်ဟုလည်းမျှော်လင့်ထားကြသည်။

ရေကြောင်းခရီးသွားလာမှုများ ရပ်ဆိုင်းလိုက်ရပြီးနောက် နိုင်ငံတွင်းရှိဆိပ်ကမ်းအသီးသီးတွင် ခရီးသည် ၄,၀၀၀ ကျော် သောင်တင်နေခဲ့ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ကပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံလူဦးရေသန်း ၁၁၀ ၏ ထက်ဝက်ခန့် နေထိုင်သည့် လူဇုန်ကျွန်းမြောက်ပိုင်းဒေသအများအပြားတွင်လည်း မုန်တိုင်းသတိပေးချက်များ ကိုထုတ်ပြန်ထားပြီး လေပြင်းတိုက်ခတ်မှုများ၊မြေပြိုမှုများနှင့် အခြေခံအဆောက်အဦပျက်စီးမှုများရှိနိုင်ကြောင်းလည်း အာဏာပိုင်များကသတိပေးထားသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here