ပထုံဌာနီခရိုင်တွင် မြန်မာနိုင်ငံသားတစ်ဦး ဝါယာရှော့တိုက် ငါးဖမ်းရာမှ ဓာတ်လိုက်သေဆုံး

0
144

ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်တွင် အသက်(၃၀)နှစ်ကျော်ရှိ မြန်မာနိုင်ငံသားတစ်ဦး ဝါယာရှော့တိုက်၍ ငါးဖမ်းရာမှ ဓာတ်လိုက်သေဆုံးခဲ့မှု ဇူလိုင်လ ၂၆ ရက်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့က ပထုံဌာနီခရိုင်၊ မူအန်င်မြို့နယ်၊ ဘန့်ကချဲင်ကျေးရွာရှိ ရေမြောင်းဘေး၌ အမျိုးသားတစ်ဦး လဲကျသေဆုံးနေကြောင်း သတင်းအရ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူအနီး၌ ဝါယာကြိုး၊ ပလာယာနှင့် လက်နှိပ်ဓာတ်မီးတို့ကို တွေ့ရှိခဲ့ရသည်။

ထို့နောက် အနီးပတ်ဝန်းကျင်အား စုံစမ်းခဲ့ရာ သေဆုံးသူသည် ဘန့်ကချဲင်ကျေးရွာတွင် နေထိုင်ကာ ပန်းရံအလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ကြောင်း သိရှိခဲ့ရသည်။

ထို့ကြောင့် သေဆုံးသူ၏ ရုပ်အလောင်းအား လူမှုကူညီရေးအသင်းမှ မူအန်င်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here