၇ လတာနီးပါးကာလအတွင်း တောင်ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သား ၃၀၀၀ ကျော် စေလွှတ်ထား

0
125

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ မှ ဇူလိုင်လ ၂၆ ရက်အထိ ၇ လတာနီးပါးကာလအတွင်း တောင်ကိုရီးယားနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် မြန်မာလုပ်သား (၃၁၉၄) ဦး စေလွှတ်ထားပြီးဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

တောင်ကိုရီးယားနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ မှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သားစေလွှတ်ရာတွင် ဇူလိုင်လ တစ်လတည်းတွင် အရေအတွက် (၁၀၄၉) ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလတွင် (၁၉၃) ဦး၊ ဖေဖော်ဝါရီလတွင် (၂၀၀) ဦး၊ မတ်လတွင် (၂၅၃) ဦး၊ ဧပြီလတွင် (၁၅၀) ဦး၊ မေလတွင် (၄၃၀) ဦး၊ ဇွန်လတွင် (၉၁၉) ဦး စေလွှတ်ထားပြီးဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံသို့ လုပ်သားစေလွှတ်မှုကို ကိုဗစ်ကာလအလွန် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လတွင် ပြန်လည်စေလွှတ်ခဲ့ကြောင်းနှင့် အဆိုပါနိုင်ငံအနေဖြင့် မြန်မာလုပ်သားများကို တိုးမြှင့်ခေါ်ယူနေသလို လုပ်သားလိုအပ်ချက်ရှိနေသည့်အတွက် ဆက်လက်ခေါ်ယူခန့်ထားမှုများလည်း ရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here