မြန်မာသင်္ဘောသား (၄) ဦး ပါဝင်သည့် မလေးရှားသင်္ဘော နစ်မြှုပ်မှုတွင် ပျောက်ဆုံးနေသူ (၁) ဦးကို ထပ်မံတွေ့ရှိ

0
156

ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်က ဖြစ်ပွားခဲ့သည့် မြန်မာသင်္ဘောသား (၄) ဦးအပါအဝင် စုစုပေါင်း (၉) ဦးအထိ ပျောက်ဆုံးနေသည့် မလေးရှား သင်္ဘောနစ်မြှုပ်မှုတွင် ပျောက်ဆုံးနေသူ (၁)ဦးကို ထပ်မံတွေ့ရှိခဲ့ကြောင်း မလေးရှား ရေကြောင်းထောက်လှမ်းရေး အေဂျင်စီ Maritime Malaysia မှ အသိပေးထုတ်ပြန်ထားသည်။

ယင်းအေဂျင်စီ၏ ထုတ်ပြန်ချက်အရ အဆိုပါ မလေးရှားသင်္ဘောနစ်မြှုပ်မှုတွင် ပျောက်ဆုံးနေသူ (၉) ဦးကို သေဆုံးပြီဟု ယူဆရကြောင်း Maritime Malaysia က ပြောကြားထားသည်။

၎င်းတို့ကို မလေးရှား ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်ခဲ့ရာ ဇူလိုင်လ (၂၂) ရက်တွင် Palau Burung မြို့၏ အရှေ့မြောက်ဘက် (၁၅) မိုင်အကွာတွင် ပင်လယ်ထဲမျောနေသည့် အလောင်း (၄) လောင်းကို တွေ့ရှိခဲ့ရပြီး ဇူလိုင်လ (၂၅) ရက်တွင် ထပ်မံ၍ အလောင်း(၁)လောင်းကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

မလေးရှားရေပိုင်နက် Pulau Burung ပင်လယ်ပြင်တွင် ကျောက်စရစ်များ တင်ဆောင်လာသည့် မလေးရှားကုန်တင်သင်္ဘောတစ်စီးမှာ ပြီးခဲ့သည့် ဇူလိုင် (၂၀) ရက်က မုန်တိုင်းကြောင့် နစ်မြုပ်သွားခဲ့ခြင်းဖြစ်ပြီး ပျောက်ဆုံးသူ (၉) ဦးတွင် မလေးရှားနိုင်ငံသား (၄) ဦး၊ မြန်မာနိုင်ငံသား (၄) ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား (၁) ဦး ပါဝင်ကြောင်း သိရသည်။

ပျောက်ဆုံးနေသူများအား ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် ကယ်ဆယ်ရေးအဖွဲ့ဝင်များက ယမန်နေ့ ဇူလိုင်လ (၂၆)ရက်တွင် ရှာဖွေကယ်ဆယ်မှုများ ဆက်လက်လုပ်ဆောင်ခဲ့သော်လည်း ထူးခြားမှုမရှိဘဲ ပျောက်ဆုံးသွားသည့် ကျန် (၄) ဦးမှာ နစ်မြုပ်သွားသည့် သင်္ဘောအတွင်း၌ သေဆုံးသွားပြီဟု ယူဆရကြောင်း မလေးရှား ရေကြောင်းထောက်လှမ်းရေးအေဂျင်စီကအသိ ပေးထားသည်။

Photo-Maritim Malaysia


LEAVE A REPLY

Please enter your comment!
Please enter your name here