နိုင်ငံအတွင်း နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်နေရသူများအား UNHCR နှင့် မိတ်ဖက်အဖွဲ့အစည်းများက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်

0
114

မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်နေရသူများအား UNHCR နှင့် မိတ်ဖက်အဖွဲ့အစည်းများက လူ သားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေး အပ်လျက်ရှိကြောင်း ဇူလိုင်လ (၂၆) ရက်က UNHCR မှ သတင်းထုတ်ပြန်ကြေညာထားသည်။

UNHCR နှင့် မိတ်ဖက်အဖွဲ့အစည်းများသည် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်နေရသူများအား အကူအညီများ ဆက် လက်ပေးအပ်လျက်ရှိပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည် နယ် (မြောက်ပိုင်း)မှ လူဦးရေ (၁၀၀၀) ခန့်အား ခြင်ထော င်များ၊ ဖျာများ၊ စောင်များ၊ ရေပုံးများ၊ ရေသိုလှောင်ပုံးများနှင့် မီးဖိုချောင်သုံး ပစ္စည်းအစုံပါဝင်သော အဓိက က ယ်ဆယ်ရေးအသုံးအဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ပြီး လူဦးရေ ၄၄၀ ဦး မှာ နေအိမ်အမိုးအကာ ထောက်ပံ့မှုအ ကူအညီများကို လက်ခံရရှိခဲ့ကြောင်း သိရသည်။

အလားတူ ရခိုင်ပြည်နယ်၌ UNHCR နှင့် မိတ်ဖက်အဖွဲ့အ စည်းများသည် လူဦးရေ (၅၃၀၀၀) ကျော်ထံ အဓိက က ယ်ဆယ်ရေးအသုံးအဆောင်ပစ္စည်းများကို ဖြန့်ဝေခဲ့သ ည့်အပြင် လူဦးရေ (၈၃၀၀၀) ထံ အရေးပေါ်နေအိမ်အမိုး အကာထောက်ပံ့မှုများကိုပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည် နယ် (တောင်ပိုင်း) ၌ အဓိကကယ်ဆယ်ရေး အသုံးအ ဆောင်ပစ္စည်းများကို လူဦးရေ (၅၆၀၀) ဦးထံ ဖြန့်ဝေခဲ့ပြီး ကယားပြည်နယ် နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေ သတို့မှ သီးခြားအကူအညီလိုအပ်လျက်ရှိသော လူဦးရေ (၁၅၀) ခန့် (သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ က လေးသူငယ်များ၊ ပြင်းထန်သောရောဂါ ဝေဒနာခံစားနေရသူများ နှင့် အမျိုးသမီးဦးစီးလျက်ရှိသော အိမ်ထောင်စုများ)ထံ ငွေကြေးထောက်ပံ့မှုအကူအညီများ ပေးအပ်ခဲ့ရာ လူဦးရေ (၆၀၀၀) ကျော်သည် အရေးပေါ် နေအိမ်အမိုးအကာပစ္စည်းများ လက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၂၁ ခုနှစ်မှစ၍ ၂၀၂၃ နှစ် ဇူလိုင်လ (၃) ရက်အထိ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်လျက်ရှိသော လူဦးရေသည် ၁ ဒသမ ၅ သန်းကျော်အထိ ထပ်တိုး မြင့်တက်လာနေကြောင်း သိရသည်။

အဆိုပါ နေရပ်စွန့်ခွာ နေထိုင်နေရသူများသည် စားနပ် ရိက္ခာ၊ သန့်ရှင်းသောရေရရှိမှု နှင့် ဘေးကင်းလုံခြုံသော နေအိမ်အမိုးအကာ အကူအညီများ လက်လှမ်းမီရရှိနိုင်ရန် ကန့်သတ်ချက်များရှိနေခြင်းကြောင့် လူသားချင်းစာ နာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေဆဲအ ခြေအနေဖြစ်ကြောင်း UNHCR မှ သတင်းထုတ်ပြန်ထား သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here