ရုရှားကာကွယ်ရေးဝန်ကြီး ပြုံယမ်းတွင် ကင်ဂျုံအန်နှင့် တွေ့ဆုံ

0
254

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုဂူ ဦးဆောင်သည့် ရုရှားစစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ကို ဇူလိုင် ၂၆ ရက်က ပြုံယမ်းတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီ(KCNA) က ဖော်ပြသည်။

အဆိုပါတွေ့ဆုံမှုသည် ရုရှားနှင့် မြောက်ကိုရီးယားအကြား ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေမည်ဖြစ်ကြောင်း ဆိုသည်။ KCNA ၏အဆိုအရ ရုရှားကာကွယ်ရေးဝန်ကြီးသည် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ကိုယ်ရေးကိုယ်တာသဝဏ်လွှာကို ကင်ဂျုံအန်ထံ ပေးပို့ခဲ့ကြောင်း သိရသည်။ မြောက်ကိုရီးယားခေါင်းဆောင်က အဆိုပါ သဝဏ်လွှာအတွက် ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားသည်။ ထို့အပြင် ရှိုဂူနှင့် ကင်ဂျုံအန်တို့သည် လက်ဆောင်များ အပြန်အလှန် ဖလှယ်ခဲ့ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီ၏အဆိုအရ သိရသည်။

KCNA ၏ ပြောကြားချက်အရ နှစ်နိုင်ငံ ကိုယ်စားလှယ်များသည် နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးခဲ့သည့် ကိစ္စရပ်များအပေါ် နှစ်ဘက်တို့၏ အကဲဖြတ်ချက်များသည် တိုက်ဆိုင်သည်ဟု ကိုရီးယားဗဟိုသတင်းအေဂျင်စီ ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here