မော်လမြိုင်တွင် မိန်းမဖြစ်သူက ယောက်ကျားအား အုတ်ခဲဖြင့်ရိုက်မှုကြောင့် ယောင်္ကျား‌ဖြစ်သူ ခေါင်းကွဲ သတိမေ့

0
228

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် လင်မယားချင်း ခိုက်ရန်ဖြစ်ပွါးရာမှ ယောင်္ကျား‌ဖြစ်သူ ခေါင်းကွဲ သတိမေ့မှု ယနေ့ ဇူလိုင် ၂၇ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့ ဇေယျာ ၁ (၈)လမ်းတွင် ယနေ့ နေ့လယ် ၂ နာရီ ၁၅ မိနစ်ခန့်က လင်မယားချင်းရန်ဖြစ်ရာမှ မိန်းမဖြစ်သူက ယောက်ကျားအား အုတ်ခဲဖြင့်ရိုက်မှုကြောင့် ယောက်ကျားဖြစ်သူမှာ ခေါင်းကွဲသတိမေ့သွားကြောင်း ကျန်းမာချမ်းသာလူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ကျန်းမာချမ်းသာလူမှုကယ်ဆယ်ရေးအဖွဲ့မှလိုအပ်သည်များ ပြုစု၍ မော်လမြိုင်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

‌ဓာတ်ပုံ – ကျန်းမာချမ်းသာလူမှုကယ်ဆယ်ရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here