လမိုင်းမြို့တွင် ဒဏ်ရာများဖြင့် သေဆုံးနေသော အသ က်(၃၀)နှစ်ခန့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

0
159

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ရွာသာယာရပ်ကွ က်မှ ခြံတစ်ခြံအတွင်းရှိ တဲပေါ်၌ ရိုက်နှက်ခံထားရသည့်ဒဏ်ရာများဖြင့် သေဆုံးနေသော အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား ဇူလိုင်လ (၂၆) ရက်၊ နံနက်ပိုင်းက တွေ့ရှိခဲ့ရကြောင်း ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။

ယမန်နေ့နံနက်ပိုင်းက လမိုင်းမြို့၊ ရွာသာယာရပ်ကွက်မှ ခြံတစ်ခြံအတွင်းရှိ တဲအနီး၌ အဝတ်အစားထည့်သည့် သေတ္တာပွင့်၍ ပြန့်ကျဲနေသည်ကို အနီးပတ်ဝန်းကျင်နေ ထိုင်သူများက တွေ့ရှိရသဖြင့် တဲပေါ်သို့ တက်ရောက်ကြည့်ရှုခဲ့ရာ အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး ဒဏ် ရာများဖြင့် မှောက်လျက်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

“ခေါင်းနောက်စေ့နဲ့ ကျောပြင်မှာ ရိုက်နှက်ခံထားရတဲ့ဒဏ် ရာတွေနဲ့ သေဆုံးနေတာပါ။ ကျွန်တော်တို့ ပတ်ဝန်းကျင်ကို မေးကြည့်ရသလောက်ဆိုရင် သေဆုံးသူကို ဘယ်သူမှ မသိကြဘူး။ ဒါကြောင့် နာမည်နဲ့ နေရပ်လိပ်စာလည်း မသိရသလို မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်မရပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

သေဆုံးသူ၏ရုပ်အလောင်းအား လမိုင်းလူငယ်ပရဟိတအရေးပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့မှ လမိုင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကာ တာဝန်ရှိသူများက စစ်ဆေးပြီးနောက် မီးသင်္ဂြိုဟ်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here