အာရှ၌ ရာသီဥတုပြောင်းလဲလာမှုကြောင့် ဖြစ်သော သဘာဝဘေးအန္တရာယ်ဒဏ် ခံစားရမှု မြင့်တက်လာ

0
154

မိုးခေါင်ခြင်းမှအစပြု၍ အကြီး အကျယ် ရေကြီးခြင်းများထိ တိုင်  ပြင်းထန်လှသော ရာသီဥတု ဖြစ်စဉ်များ ဖြစ်ပွားမှုနှင့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲလာမှု၏ ဆိုးကျိုးများသည် အာရှတိုက်၌ မြင့်မားလာကြောင်း ကမ္ဘာ့ မိုးလေဝသ အဖွဲ့အစည်း (WMO) က ပြောကြားခဲ့သည်။

ယင်းသို့ အာရှတိုက်၌ ရာသီဥတုပြောင်းလဲလာမှု၏ဒဏ် ကို ခံစားရမှု မြင့်တက်လာခြင်းသည် စားနပ် ရိက္ခာ ဖူလုံမှုနှင့် တိုက်ကြီး၏ ဂေဟစနစ်များကို ထိခိုက်လာစေနိုင်သည်ဟု WMO က ဆိုသည်။

ဇူလိုင်လ ၂၇ ရက် ကြာသပတေးနေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် WMO က အာရှသည် ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ်ဒဏ်ကို အခံရဆုံးဒေသဖြစ်ပြီး ပြီးခဲ့သည့်နှစ်အတွင်း ရာသီဥတုနှင့် ရေနှင့် ဆက်စပ်သော ဘေးအန္တရာယ်ပေါင်း ၈၁ ခု အထိ စံချိန်တင် ဖြစ်ပွားခဲ့ကြောင်း ပြောထားသည်။

အဆိုပါ သဘာဝကပ်ဘေးများသည် လူသန်း ၅၀ ကျော်ကို တိုက်ရိုက်ထိခိုက်စေခဲ့ပြီး လူပေါင်း ၅ ထောင်ကျော်ကို သေဆုံးစေခဲ့သည်ဟု ၎င်းက ဆိုသည်။

အထူးသဖြင့် ၂၀၂၂ ခုနှစ်တွင် ရာသီဥတု ပူနွေးခြောက်သွေ့ခြင်းကြောင့် အာရှရှိ ရေခဲမြစ်အများစု၏ ထုထည်များ သိသိသာသာ ဆုံးရှုံးခဲ့ရကြောင်း WMO အစီရင်ခံစာက မီးမောင်းထိုးပြခဲ့သည်။

Source: စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here