လျှပ်စစ်ထုတ်လုပ်ငန်း ကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံအများဆုံး ဝင်ရောက်ထား

0
147

နိုင်ငံခြားရင်းနှီးမြှုပ်နှံအများစုသည် နေရောင်‌ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဂတ်စ်တာဘိုင်နှင့် သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ထုတ်လုပ်ငန်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)မှ သိရသည်။

ပြည်တွင်း၌ နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုကို ကြည့်ပါက စင်ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့က အများဆုံးဖြစ်ပြီး ထိပ်သီးရင်းနှီးမြှုပ်နှံသူများအဖြစ် ရပ်တည်နေကြကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် လေးလကျော် ကာလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ပမာဏ အမေရိကန်ဒေါ်လာ ၄၅၉ ဒသမ ၇၅၆ သန်း ခွင့်ပြုပေးခဲ့ပြီး ပြည်တွင်း၊ ပြည်ပ အလုပ်သမားပေါင်း (၁၂၈၈၉) ဦး အလုပ်အကိုင်အခွင့်အလမ်းရရှိမည်ဖြစ်ကြောင်း DICA ၏ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ဟိုတယ်နှင့် အပန်းဖြေလုပ်ငန်း၊ CMP စနစ်နှင့် အထည်ချုပ်လုပ်ငန်း၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ ငါးမွေးမြူရေးလုပ်ငန်း၊ လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်ခြင်းလုပ်ငန်း၊ ပဲအမျိုးမျိုးနဲ့ နှမ်းကြိတ်ခွဲလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here