ST DENIS REUNION OPEN 2023 တွင် ၁၆ ဦးအဆင့်တက်ရောက်သွားသည့် သက်ထားသူဇာ

0
150

ဟေညွန်နိုင်ငံ၌ ကျင်းပနေသည့် ST DENIS REUNION OPEN 2023 ပြိုင်ပွဲတွင် မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ၁၆ ဦးအဆင့်သို့ တက်ရောက်သွားပြီ ဖြစ်ကြောင်း သိရသည်။

ST DENIS REUNION OPEN 2023 ပြိုင်ပွဲသည် ဇူလိုင် ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး သက်ထားသူဇာသည် ဆီဒင်သတ်မှတ်ချက်အရ လက်ရည်စစ်ပွဲကစားရန်မလိုခဲ့ဘဲ ယမန်နေ့ ဇူလိုင် ၂၇ ရက်တွင် ၃၂ ဦးအဆင့်မှသာ စတင်ယှဉ်ပြိုင်ခွင့်ရခဲ့ကြောင်း သိရသည်။

သက်ထားသူဇာသည် ၃၂ ဦးအဆင့်တွင် ကမ္ဘာ့အဆင့် ၁၂၈ မှ တောင်အာဖရိကနိုင်ငံသူ Johanita SCHOLTZ ကို ၁၀ မှတ် ၂၁ မှတ် ၁၈ မှတ် ၂၁ မှတ်ဖြင့် အနိုင်ရခဲ့ပြီး ၁၆ ဦးအဆင့်သို့တက်ရောက်သွားခဲ့သည်။

သက််ထားသူဇာသည် ၁၆ ဦးအဆင့်တွင် ကမ္ဘာ့အဆင့် ၁၁၇ ရှိ ဂျပန်ကြက်တောင်မယ်နှင့် ယနေ့ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်းသိရသည်။

File Photo


LEAVE A REPLY

Please enter your comment!
Please enter your name here