တရားမဝင်ကုန်သွယ်မှုများ ဖမ်းဆီးရာတွင် လာဘ်ပေးလာဘ်ယူ ပြုလုပ်မှုများ စီစစ်တွေ့ရှိပါက တာဝန်ရှိသူအဆင့်ဆင့်ကို အရေးယူမည်

0
126

တရားမဝင်ကုန်သွယ်မှုများ ဖမ်းဆီးရာ၌ လာဘ်ပေးလာ ဘ်ယူမှု ပြုလုပ်သည်ကို စစ်ဆေးတွေ့ရှိပါက တာဝန်ရှိသူအဆင့်ဆင့်ကို အရေးယူသွားမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။

ဇူလိုင်လ (၂၇) ရက် မွန်းလွဲပိုင်းက ပြုလုပ်သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၄/၂၀၂၃)တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

တရားမဝင် ကုန်သွယ်မှုများအား ဖမ်းဆီးရာ၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ အမှုတွဲပေါင်း (၇၀၁၁)မှုနှင့် ခန့်မှန်းတန်ဖိုးကျပ် (၁၂၇ဒသမ၀၅၄)ဘီလျံဖြစ်ပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက များစွာတိုးတက်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးနိုင်ခဲ့သော်လည်း တရားမဝင် ကုန်သွယ်မှုများ လျော့နည်းကျဆင်းသွားခြင်းမရှိဘဲ ဆက်လက်လုပ်ကိုင်နေသည်ကို ကြားသိရပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံ လွယ်ကူစွာဖြတ်သန်းသွားလာနိုင်သည့် နယ်စပ်ဒေသများရှိနေခြင်းက လုံခြုံရေးအရ စောင့်ကြည့်ထိန်းသိမ်းရန် ခက်ခဲမှုများ ရှိနေကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။

ထို့အပြင် ဥပဒေရေးရာ အားနည်းချက်များရှိခြင်း၊ တရား
မဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး လုပ်ငန်းများမှာ ပါဝင်ဆောင်ရွက်ရသည့် ဝန်ထမ်းအင်အားနှင့် စွမ်းဆောင်ရည်နိမ့်ကျခြင်း၊ အကျင့်ပျက်မှုများရှိနေခြင်းတို့သည် တရား
မဝင်ကုန်သွယ်မှုတိုက်ဖျက်ရာ၌ စိန်ခေါ်မှုများဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

“တရားမဝင်ကုန်ပစ္စည်းတွေ နိုင်ငံအတွင်းပိုင်းအထိ ဖမ်းဆီးဖော်ထုတ်နေတဲ့ကြားက ဝင်လာဆဲဖြစ်ပါတယ်။ တရားမဝင် ကုန်ပစ္စည်းတွေ သိမ်းဆည်းနိုင်မယ့် သိုလှောင်ရုံတွေနဲ့ ဈေးကွက်တွေထဲအထိ ဝင်ရောက်စစ်ဆေးအရေးယူဖို့ လိုပါတယ်။ ကုန်သည်အချင်းချင်းသိရှိပြီးဖြစ်လို့ နိုင်ငံ့အကျိုးစီးပွား၊ မိမိကိုယ်ကျိုးစီးပွားကိုကြည့်ပြီး သက်ဆိုင်ရာကို အသိပေးအကြောင်းကြားဖို့ လိုပါတယ်” ဟု နစက ဒု-ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များအနေဖြင့် သက်ဆိုင်ရာ တိုင်း/ပြည် နယ်အလိုက်ဖွင့်လှစ်ထားသည့် ကုန်သွယ်ရေးစခန်းများ၊ စစ်ဆေးရေးစခန်းများနှင့် လုံခြုံရေးဂိတ်များတွင် လာဘ်ပေးလာဘ်ယူမှုများမရှိစေရေး၊ မလိုအပ်ဘဲ အချိန်ကြန့်ကြာမှုများမဖြစ်ရေးကို အ လေးထားကြပ်မတ်ဆောင်ရွက်ရမည်ဟု မှာကြားသည်။

“လာဘ်ပေးလာဘ်ယူမှုတွေကို ပြည်ထောင်စုအဆင့်က ဝင်ရောက်စစ်ဆေးတဲ့အခါ စီစစ်ဖော်ထုတ်တွေ့ရှိရင် သက်ဆိုင်ရာဝန်ထမ်းတွေအပြင် တာဝန်ရှိသူအဆင့်ဆင့်ကိုပါ ထိထိရောက်ရောက်အရေးယူသွားမှာပါ”ဟု နစက ဒု-ဥက္ကဋ္ဌက ပြောသည်။

တရားမဝင်ကုန်သွယ်မှုများသည် ရှောင်ကွင်းလမ်းများ အသုံးပြုသယ်ဆောင်မှုများရှိသကဲ့သို့ တရားဝင်ကုန်သွ ယ်မှုလမ်းကြောင်းအတိုင်း စစ်ဆေးရေးဂိတ်များ၊ လုံခြုံ ရေးဂိတ်များကို ငွေပေးပြီး ဖြတ်သန်းနေမှုများလည်း ရှိနေသည်ကို သိရှိကြောင်းလည်း ပြောကြားသည်။

ထို့ကြောင့် အထူးအဖွဲ့ ဥက္ကဋ္ဌများနှင့် OSS ဌာနဆိုင်ရာ တာဝန်ခံ ညွှန်ကြားရေးမှူးချုပ်များအနေဖြင့် မိမိတို့တာ ဝန်ယူရသည့် စစ်ဆေးရေးဂိတ်၊ လုံခြုံရေးဂိတ်များတွင် လာ ဘ်ပေးလာဘ်ယူမှုများမရှိစေရန် ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရမည်ဟုလည်း မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here