တာချီလိတ်တွင် ကားတစ်စီးပေါ်မှ ကျပ်သိန်း (၁၈၀၀) ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းမိ

0
166

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်တွင် TOYOTA CROWN ကားပေါ်မှ ကျပ် ၁၈၅၀ ဒသမ ၂ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) များကို ဇူလိုင်လ (၂၇) ရက် ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ယမန်နေ့ည (၇) နာရီ ခွဲခန့်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁) လမ်းတွင် စိုင်းအောင်ပန်းလှ (၃၄)နှစ် မောင်းလာသည့် TOYOTA CROWN ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ကြခြင်း ဖြစ်သ ည်။

ထိုသို့ စစ်ဆေးစဉ် ကားပေါ်မှ ငွေကျပ် ၁၈၅၀ ဒသမ ၂ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) ၁ ဒသမ ၆၈၂ ကီလိုအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းနှင်လာသူ စိုင်းအောင်ပန်းလှအား ဟောင်လိတ်နယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here