‘ကမ္ဘာကြီး ပွက်ပွက်ဆူနေတဲ့ခေတ်’ ကိုရောက်နေပြီဟု ဂူတာရက်စ်ပြောကြား

0
306

ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က ရာသီဥတု ဖောက်ပြန်မှုကြောင့် အပူရှိန်လွန်ကဲကာ ‘ကမ္ဘာကြီး ပွက်ပွက်ဆူနေတဲ့ခေတ်’ ကိုရောက်နေပြီဖြစ်သဖြင့် အဓိကကျသည့် ဆောင်ရွက်မှုများကို ပြုလုပ်ကြရန် တောင်းဆိုလိုက်သည်။

ကြာသပတေးနေ့တွင် စံချိန်တင် စံချိန်ချိုးခဲ့သည့် ဇူလိုင်လ အပူချိန်များကြောင့် ကမ္ဘာကြီး ပူနွေးလာမှု အဆင့်မှ “ကမ္ဘာကြီး ပွက်ပွက်ဆူနေတဲ့ခေတ်” သို့ ခုန်ပျံရောက်ရှိသွားပြီ ဖြစ်ကြောင်း သူက ပြောကြားခြင်းဖြစ်သည်။

မြေထဲပင်လယ်တစ်လျှောက် ဂရိ၊ အီတလီနှင့် အယ်လ်ဂျီးရီးယားတို့ကဲ့သို့ နိုင်ငံများတွင် စံချိန်တင်မြင့်မားသော အပူချိန်ကြောင့် အပူချိန်မြင့်မားလာကာ ယင်းအပူလှိုင်းသည် မြေထဲပင်လယ်တစ်လျှောက် ဂရိ၊ အီတလီနှင့် အယ်လ်ဂျီးရီးယားတို့ အပါအဝင် မြောက်ဘက်ကမ္ဘာခြမ်းအထိ အရှိန်အဟုန်ပြင်းပြင်းနှင့်တိုက်ခတ်နေသည်။

မြောက်ကမ္ဘာခြမ်းတစ်ခွင်ရှိ ပြင်းထန်သောအပူရှိန်ကို “ရက်စက်သောနွေရာသီ” အဖြစ် ဂူတာရက်စ်က ပြောကြားခဲ့သည်။

“ကမ္ဘာဂြိုလ်တစ်ခုလုံးအတွက်၊ ဒါဟာ ကပ်ဘေးတစ်ခုပါပဲ” ဟုလည်း ၎င်းကပြောကြားခဲ့သည်။

ဥရောပသမဂ္ဂမှ ရန်ပုံငွေပံ့ပိုးထားသော Copernicus ရာသီဥတုပြောင်းလဲမှုဆိုင်ရာဝန်ဆောင်မှုမှ ERA5 ဒေတာအရ ဇူလိုင်လ၏ ပထမသုံးပတ်သည် အပူဆုံးသုံးပတ်တာကာလအတွင်း စံချိန်တင်ခဲ့ပြီး အပူဆုံးလအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဇူလိုင်လအတွက် ပြီးပြည့်စုံသော ERA5 ဒေတာကို ရရှိနိုင်ပြီး ဩဂုတ် ၈ ရက်တွင် ထုတ်ဝေမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here