သံဖြူဇရပ်တွင် ဓားကိုင်သောင်းကျန်းနေသူအား ထိန်းသိမ်းစဥ် ရန်ပြုတိုက်ခိုက်သဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံး

0
237

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ၊ ကော့ထော်ပိုင်းတွင် အရက်မူးနေသည့် အသက် (၃၅)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ဓားကိုင်သောင်းကျန်းနေ၍ ပတ်ဝန်း ကျင်မှ လူများက လာရောက်ထိန်းသိမ်းစဉ် ရန်ပြုတိုက်ခိုက်ခဲ့မှု ဇူလိုင် (၂၇) ရက်ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ညပိုင်းက ပငကျေးရွာ၊ ကော့ထော်ပိုင်းနေ အဘိုင် (ခ) တုတ်ပေါ (၃၅) နှစ်သည် အရက်သောက်ပြီးနောက် စတီးဓားဦးချွန် ကိုင်ဆောင်ကာ သောင်းကျန်းနေသဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များက လာရောက်ထိန်းသိမ်းစဉ် ဖမ်းဆီးမခံဘဲ ပြန်လည်ရန်ပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ရန်ပြုတိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး အဘိုင်(ခ)တုတ်ပေါအား သံဖြူဇရပ်မြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်စဥ် သေဆုံးသွားခဲ့ကြောင်း သိရသည် ။

အဘိုင်(ခ)တုတ်ပေါမှ စတီးဓားဦးချွန်ဖြင့် ရန်ပြုတိုက်ခိုက်မှုကြောင့် ထိန်းသိမ်းရန် လာရောက်သည့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးတွင် ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ)ရရှိခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here