စင်ကာပူတွင် အမျိုးသမီးတစ်ဦးအား မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးမှုဖြင့် ကြိုးစင်တင်သတ်

0
207

စင်ကာပူသည် နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးမှုဖြင့် ဇူလိုင်လ ၂၈ ရက် သောကြာနေ့တွင် ကွပ်မျက်ခဲ့ကြောင်း သိရသည်။

“ဆာရီဒေဝီ ဂျာမနီအပေါ် ချမှတ်ထားတဲ့ သေဒဏ်စီရင်ချက်ကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့မှာ အကောင်အထည်ဖော် လုပ်ဆောင်ခဲ့တယ်” ဟု ဗဟို မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဗျူရိုက ပြောခဲ့သည်။

အဆိုပါ စင်ကာပူနိုင်ငံသူ အမျိုးသမီးသည် ဘိန်းဖြူ ဂရမ် ၃၀ ဒသမ ၇ ထက်မနည်းသော ပမာဏ ကို မှောင်ခိုကုန်ကူးမှုဖြင့် ၂၀၁၈ ခုနှစ်တွင် သေဒဏ်ပေးခံခဲ့ရခြင်းဖြစ်သည်။ ထိုပမာဏသည် စင်ကာပူ၌ သေဒဏ်ပေးခွင့်ရှိသော ပမာဏထက် နှစ်ဆပိုများနေခဲ့သည်။

ဂျာမနီသည် စင်ကာပူနိုင်ငံ၌ ၂၀၀၄ ခုနှစ်နောက်ပိုင်း သေဒဏ်ပေးခံရသည့် ပထမဆုံး အမျိုးသမီးဖြစ်လာကြောင်း ဗျူရိုက ဆိုသည်။ သူသည် ကိုဗစ်ကြောင့် ရပ်နားထားသော ကွပ်မျက်မှုများအား ၂၀၂၂ ခုနှစ် မတ်လတွင် ပြန်လည်စတင်ပြီးနောက် ကြိုးစင်တင်သတ်ခံရသည့် ၁၅ ယောက်မြောက် အကျဉ်းသားလည်း ဖြစ်လာသည်။

စင်ကာပူသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့်ပတ်သက်၍ အတင်းကြပ်ဆုံးနှင့် အပြင်းထန်ဆုံးသော ဥပဒေများ ချမှတ်ထားသည့် နိုင်ငံဖြစ်သည်။ သို့ဖြစ်၍ ၎င်းနိုင်ငံ၌ ဆေးခြောက် ၅၀၀ ဂရမ် သို့မဟုတ် ဘိန်းဖြူ ၁၅ ဂရမ်ထက် ပို၍ ကုန်ကူးသည်ကို တွေ့ရှိပါက သေဒဏ်ပေးခံရမည်ဖြစ်သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here