တရုတ်သည်ရုရှားစစ်တပ်အတွက် နည်းပညာထောက်ပံ့ပေးနေ ပုံရဟု အမေရိကန်ထောက်လှမ်းရေးပြောကြား

0
179

ဝါရှင်တန်၊ဇူလိုင် ၂၈

တရုတ်နိုင်ငံသည် ရုရှားအား အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကိုရှောင်ရှားရန်ကူညီပေးနေပြီး ယူကရိန်းတွင်အသုံးပြုရန်အတွက် စစ်ရေးနှင့်နည်းပညာများကိုကူညီနေ ပုံရကြောင်း ဇူလိုင် ၂၇ ရက်ကထုတ်ပြန်သော အမေရိကန်ထောက်လှမ်းရေးအစီရင်ခံစာအရသိရသည်။

သို့သော်တရုတ်နိုင်ငံကမူ ရုရှား-ယူကရိန်းအရေး၌ ရုရှားဘက်မှကူညီပေးနေသည်ဟူသောစွပ်စွဲချက်များအားလုံးကို လုံးဝငြင်းပယ်ထားသည်။

“တရုတ်က ရုရှားကိုစစ်ရေးအရရော နည်းပညာနဲ့‌ရောပါပံ့ပိုးနေတာပါ၊အကောက်ခွန်ဌာနမှတ်တမ်းတွေအရ တရုတ်နိုင်ငံပိုင်ကာကွယ်ရေးကုမ္ပဏီတွေက ရုရှားပိုင်ကာကွယ်ရေးကုမ္ပဏီတွေဆီကို ကိရိယာပစ္စည်းတွေ၊နည်းပညာဆိုင်ရာဖလှယ်မှုတွေနဲ့ တိုက်လေယာဉ်အစိတ်အပိုင်းတွေကို သယ်ယူပို့ဆောင်နေတာတွေ့ရပါတယ်” ဟုလည်းဖော်ပြထားသည်။

တရုတ်နှင့်ရုရှားတို့သည် တရုတ်နိုင်ငံ၏ ယွမ်ငွေကြေးဖြင့် နှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်ခဲ့ကြောင်းလည်းပြောကြားခဲ့ပြီး နှစ်နိုင်ငံလုံး၏ ဘဏ္ဍာရေးအဖွဲ့အစည်းများသည် ၎င်းတို့၏ ပြည်တွင်းငွေပေးချေမှုစနစ်များကို တိုးချဲ့အသုံးပြုလျက်ရှိသည်ဟုလည်းသိရသည်။

တရုတ်သည် ရုရှား၏ရေနံနှင့်သဘာဝဓာတ်ငွေ့အား ဥရောပက ပိတ်ဆို့ထားချိန်၌ ၎င်း၏နိုင်ငံသို့ ပိုမိုတင်သွင်းနေကြောင်းလည်းအစီရင်ခံစာ၌ဖော်ပြထားသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here