မြောက်ကိုရီးယားစစ်ရေးပြအခမ်းအနား၌ ဒရုန်းနှင့်တိုက်ချင်းပစ်ဒုံးများထုတ်ပြ

0
225

ဆိုးလ်၊ဇူလိုင် ၂၈

တရုတ်နှင့်ရုရှားကိုယ်စားလှယ်အဖွဲ့များလာရောက်လည်ပတ်သည့် ကိုရီးယားစစ်ပွဲပြီးဆုံးခြင်း နှစ် ၇၀ ပြည့်အခမ်းအနား၌ပြုလုပ်သော မြောက်ကိုရီးယား၏စစ်ရေးပြအခမ်းအနား၌ပြသခဲ့သည့်လက်နက်များတွင် နျူကလီးယားဒုံးကျည်များနှင့်တိုက်ခိုက်ရေးဒရုန်းများလည်းပါဝင်ကြောင်း နိုင်ငံပိုင်မီဒီယာကဖော်ပြခဲ့သည်။

အဆိုပါစစ်ရေးပြအခမ်းအနားအား မြောက်ကိုရီးယား၏အောင်ပွဲနေ့အဖြစ်သတ်မှတ်ကျင်းပခြင်းဖြစ်ပြီး ကိုရီးယားစစ်ပွဲပြီးဆုံးသည်မှာ နှစ် ၇၀ ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်းလည်းသိရသည်။

ကိုရီးယားစစ်ပွဲပြီးဆုံးခြင်းနှစ် ၇၀ ပြည့်အခမ်းအနားသို့တက်ရောက်လာသည့် ရုရှားကာကွယ်ရေးဝန်ကြီး မစ္စတာဆာဂေးရှိုက်ဂိုနှင့်တရုတ်ကိုယ်စားလှယ်အဖွဲ့တို့သည် ကိုဗစ်အလွန်ကာလအတွင်း မြောက်ကိုရီးယားသို့ပထမဆုံးလာရောက်လည်ပတ်သူများလည်းဖြစ်ကြသည်။

မြောက်ကိုရီးယား၏စစ်ရေးပြအခမ်းအနားတွင် ၎င်းတို့နိုင်ငံ၏နောက်ဆုံးပေါ်လက်နက်များဖြစ်သည့် ဟွာဆောင် – ၁၇ နှင့် ဟွာဆောင် – ၁၈ တိုက်ချင်းပစ်ဒုံးကျည်များလည်းပါဝင်ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA ကဖော်ပြခဲ့သည်။

Source : ရိုက်တာ/ဇက်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here