အွန်လိုင်းရှော့ပင်းများမှတ်ပုံတင်ခြင်းကို e -commerce Registration စနစ်တွင်ဆောင်ရွက်နိုင်ရေး ပြင်ဆင်နေ

0
265

ကုန်စည်နှင့်ဝန်ဆောင်မှုဆောင်မှုတို့ကို အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း၊ လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ ၅၁/၂၀၂၃ ကို ဇူလိုင် ၂၁ ရက်ရက်စွဲဖြင့် ထုတ်ပြန်ထားပြီးဖြစ်သည်။

အဆိုပါ အွန်လိုင်းရောင်းချမှုလုပ်ငန်းများ မှတ်ပုံတင်ခြင်းကို e -commerce Registration စနစ်တွင်ဆောင်ရွက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အွန်လိုင်းမှတ်ပုံတင်လျှောက်ထားမှုစတင်ဆောင်ရွက်နိုင်မည့်ရက်ကို မှတ်ပုံတင်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်နှင့်အတူ အသိပေးထုတ်ပြန်မည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း (Online Shopping) ကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရယူပြီးမှ လုပ်ကိုင်ရမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) ကအသိပေးထုတ်ပြန်ထားသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (ဂ) အရ အွန်လိုင်းရှော့ပင်းလုပ်ငန်းများအားအရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်လိုက်ခြင်းနှင့်အတူ လုပ်ငန်းများ လိုက်နာရမည့် ပြဌာန်းချက်တွေကိုပါ ထုတ်ပြန်လိုက်ပြီးမှတ်ပုံမတင်ဘဲ ဈေးရောင်းပါက ထောင် ၃ နှစ်အထိ ချမှတ်ခံရမည်ဖြစ်သည်။

ထို့ပြင် တားမြစ်၊ ကန့်သတ် သို့မဟုတ် ဥပဒေနှင့်ငြိစွန်းသော၊ အများပြည်သူ၏လုံခြုံမှုကို ထိခိုက်စေနိုင်သော၊ ဘေးအန္တရာယ်ကင်းရှင်းမှု သို့မဟုတ် လုံခြုံစိတ်ချရမှုမရှိကြောင်း ယူဆရသော၊ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်နှင့် အာမခံမရှိကြောင်း ယူဆနိုင်သော၊ ခွင့်မပြု/တားမြစ်ထားသော စသည့် ကုန်စည်များ ရောင်းချပါက မှတ်ပုံတင်ပြန်သိမ်းမည်ဖြစ်ကြောင်း သတိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here