ဖိလစ်ပိုင်၌ တိုင်ဖွန်းကြောင့် ကူးတို့လှေတိမ်းမှောက်ပြီး ၂၆ ဦးသေဆုံး

0
115

မနီလာ၊ဇူလိုင် ၂၈

ဖိလစ်ပိုင်နိုင်ငံ၌ တိုင်ဖွန်းမုန်တိုင်းဒေါ့ခ်ဆူရီဝင်ရောက်တိုက်ခတ်မှုကြောင့် လူ ၂၆ ဦးထက်မနည်းသေဆုံးပြီး ၄၀ ဦးခန့်အားကယ်တင်နိုင်ခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

ဆက်လက်၍လည်းအာဏာပိုင်များက အဆိုပါတိမ်းမှောက်သွားသောလှေပေါ်၌ လူဦးရေမည်မျှလိုက်ပါလာသည်ကို မစုံစမ်းရသေးကြောင်းလည်းပြောကြားခဲ့သည်။

အဆိုပါလှေသည် ကမ်းမှခွာပြီး ၄၆ မီတာအကွာတွင်ပင်နစ်မြုပ်သွားခြင်းဖြစ်သည်ဟုလည်းသိရသည်။ လေပြင်းများတိုက်ခတ်နေချိန်တွင် အဆိုပါကူးတို့လှေသည်စောင်းသွားသဖြင့် လူအများစုကကြောက်လန့်ပြီး ကျန်တစ်ဖက်သို့ပြေးကပ်သွားသဖြင့် တိမ်းမှောက်သွားခြင်းဖြစ်သည်ဟုအာဏာပိုင်များကဆိုသည်။

ရဲတပ်ဖွဲ့အနေဖြင့် အဆိုပါမတော်တဆမှုဖြစ်လျှင် ဖြစ်ခြင်းပင် ဒေသခံပြည်သူများ၊ကမ်းခြေစောင့် တပ်ဖွဲ့များနှင့်ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းစတင်ခဲ့သော်လည်း လူ ၂၆ ဦးသေဆုံးသွားပြီး လက်ရှိအချိန်အထိ လူအယောက် ၄၀ အားကယ်တင်ထားသည်ဟုဆိုခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်းဆက်လက်ဆောင်ရွက်နေသည်ဟုဆိုသည်။

အဆိုပါကူးတို့လှေသည် အများဆုံးလူ ၄၂ ယောက်ခန့်နှင့် ဝန်ထမ်းများပါဝင်သည်ဟုခန့်မှန်းထားရပြီး အဆိုပါပမာဏသည် ဝန်ပိုနေသည်ဟုလည်းဆိုခဲ့ပြီး စုံစမ်းရသလောက် ခရီးသည်များသည် အသက်ကယ်အင်္ကျီလည်းဝတ်ဆင်ထားခြင်းမရှိဟုဆိုသည်။

သေဆုံးသူ ၂၆ ဦးနှင့် ကယ်တင်ထားနိုင်သူ ၄၀ ဦးစုစုပေါင်း လက်ရှိအချိန်အထိ ၆၆ ဦးရှိပြီး အဆိုပါအ​ေရအတွက် ထက်ပိုနိုင်သည်ဟုယူဆကြောင်းလည်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်၌ လျှပ်စစ်မီးပြတ်တောက်မှုများလည်းဖြစ်ပေါ်နေပြီး လှေတိမ်းမှောက်မှုမှစကာ လက်ရှိအချိန်အထိ သေဆုံးသူ အနည်းဆုံးအယောက် ၃၀ ခန့်ရှိပြီဖြစ်ကာ လူပေါင်းထောင်ချီအိုးမဲ့အိမ်မဲ့ဖြစ်နေကြရပြီဖြစ်ကြောင်းသိရသည်။

Source : သည်ဂါးဒီးယန်း


LEAVE A REPLY

Please enter your comment!
Please enter your name here