စဥ့်ကိုင်မြို့ရှိ ရထားသံလမ်းဆက်ပြားများနှင့် သံလမ်းဆက်မူလီများ ဖြုတ်ခိုးခဲ့သူ (၆) ဦး ဖမ်းမိ

0
130

မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်ရှိ ပုလိပ်ဘူတာနှင့် စဥ့်ကိုင်ဘူတာကြားမှ ရထားသံလမ်းဆက်ပြားများနှင့် သံလမ်းဆက်မူလီများအား ဖြုတ်ခိုးခဲ့သူ (၆) ဦးအား ဇူလိုင်လ ၂၅ ရက်က ဖမ်းဆီးရမိခဲ့သည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ပုလိပ်ဘူတာနှင့် စဉ့်ကိုင်ဘူတာကြား၊ မိုင်တိုင်အမှတ်(၃၇၁/၁ မှ ၃)အတွင်း ရထားသံလမ်းဆက်ပြားများနှင့် သံလမ်းဆက်မူလီများ ဖြုတ်ခိုးခဲ့မှုကြောင့် မြစ်ငယ်မှ ရန်ကုန်တိုင်း ရွာသာကြီးသို့ ထွက်ခွာလာသည့် အမှတ်(၉၂၄)အစုန် ရထားလမ်းချော်မှုဖြစ်ပွားခဲ့၍ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရန် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးခဲ့ကြသည်။

စုံစမ်းစစ်ဆေးမှုအရ မိုင်တိုင်(၃၈၅/၂)အနီးရှိ ကျူးကျော်တဲများတွင် ပြစ်မှုကျူးလွန်သူများ နေထိုင်ကြောင်း သိရှိရ၍ ဇူလိုင်လ ၂၅ ရက်က သွားရောက်ဖမ်းဆီးရာ ချမ်းငြိမ်းအောင်၊ ရန်အောင်၊ ဇော်ထက်နှင့် နုနုဝင်းတို့ကို မီးရထားသံလမ်း၊ မူလီနှင့် ဂျိုင်းဆက်များ ဖြုတ်ရာတွင်အသုံးပြုသည့် ပိုက်ဂိုက် (၁) ချောင်း၊ ဆိုင်ကယ် (၂) စီးတိုနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ ခိုးဖြုတ်ခဲ့သည့် ပစ္စည်းများအား ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ စက်မှုပန်းခြံလမ်းရှိ ထိပ်တန်း(ဒန်၊ သတ္တု၊ သံ၊ ပုလင်း) ရောင်းဝယ်ရေးဆိုင်၌ရောင်းချခဲ့ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထိုသို့ ဖော်ထုတ်နိုင်ခဲ့သဖြင့် လုံခြုံ‌ရေးအဖွဲ့များက သွားရောက်ရှာဖွေစစ်ဆေးရာ ဆိုင်ပိုင်ရှင် တင်တင်ချိုနှင့် ကြွယ်မောင်တို့အား မီးရထားသံလမ်းဂျိုင်းဆက် (၂၄) ချောင်း၊ မီးရထားသံလမ်းမူလီ (၁၅) ချောင်းတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား ဥပဒေအရ ထိရောက်စွာအရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောက်ရွက်လျက်ရှိရာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here