ပြင်ပစားအုန်း‌ဆီဈေးနှုန်း ပြန်လည်မြင့်တက်နေသဖြင့် စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများက ဆီ တစ်ပိဿာကျပ်(၄၄၅၀)ဖြင့် ရောင်းပေး

0
172

ပြင်ပစားအုန်းဆီဈေးနှုန်း တစ်ပိဿာ ကျပ် (၇၀၀၀) ဝန်းကျင်အထိ ပြန်လည်မြင့်တက်လာပြီး လက်ရှိအသင်းမှ စားအုန်းဆီ တစ်ပိဿာ ကျပ် (၄၄၅၀) ဖြင့် ရောင်းချပေးနေကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှသိရသည်။

ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် ရန်ကုန်မြို့တွင် စားအုန်းဆီ တစ်ပိဿာ လက်လီဈေး ကျပ် (၄၄၅၀) နှုန်းဖြင့် စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများက လိုက်လံရောင်းချပေးနေခြင်းဖြစ်ကြောင်းနှင့် ယခုရောင်းချပေးသည့်ဈေးနှုန်းသည် ပြင်ပလက်လီအရောင်းဆိုင်များက ရောင်းချနေသည့် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ထက်ဝက်နီးပါး သက်သာကြောင်း သိရသည်။ 

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ယခုတစ်ပတ်အတွက် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအဖြစ် စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် (၄၂၃၀) သတ်မှတ်ထားပြီး ပြီးခဲ့တဲ့အပတ်ထက် ကျပ် (၁၀၀) ကျော် မြင့်တက်သွားခြင်းဖြစ်သည်။

Photo -မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here