မြန်မာနိုင်ငံ ပြင်ပကို ဗဟိုပြု၍ ရစ်(ခ်)တာစကေး (၆.၁)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားခတ်

0
162

မြန်မာနိုင်ငံ ပြင်ပကို ဗဟိုပြု၍ ရစ်(ခ်)တာစကေး (၆.၁)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၁)နာရီ၊ (၅၃)မိနစ်၊ (၄၅)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၄၇၂) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region)၊ မြောက်လတ္တီတွဒ် (၁၀.၆၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၂၄)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၆.၁)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ကြောင်း သိရသည်။

မြေငလျင် လှုပ်ခတ်မှုသည် ကျောက်သားထုချပ် နှစ်ခု တစ်ခုနှင့် တစ်ခု တွန်းတိုက်မိရာမှ တစ်ခုက အခြားတစ်ခုအောက်သို့ ငုံ့လျှိုးဝင်ရောက်ပြီး အပေါ်တစ်ခုသည် တွန်းတိုက်ခံရသည့်အတွက် တွန့်ခေါက်လာကာ အဆိုပါ တွန်းတိုက်သည့် နေရာတွင် အားများတဖြည်းဖြည်း စုစည်းလာပြီး စုစည်းမိသောအားများ ရုတ်တရက် ရုန်းကန်ကာ ပြန့်ထွက်ပြီး မြေငလျင်လှုပ်ခတ်ခြင်း ဖြစ်ကြောင်းသိရသည်။

ငလျင်လှုပ်ခတ်ရာတွင် အင်အားရစ်ချ်တာစကေး ၁ မှ ၄ ဒသမ ၉ အထိ လှုပ်ခတ်ပါက အနည်းငယ်လှုပ်ခတ်ခြင်းဖြစ်ပြီး ရစ်ချ်တာစကေး ၅ မှ ၅ ဒသမ ၉ အထိ လှုပ်ခတ်မှုသည် အင်အားအသင့်အတင့်ဖြင့် လှုပ်ခတ်ခြင်းဖြစ်ရာ ပျက်စီးမှု အနည်းအငယ်ရှိနိုင်ကြောင်း၊ ရစ်ချ်တာစကေး ၆ မှ ၇ ဒသမ ၅ အထိ လှုပ်ခတ်ပါက အင်အားပြင်း အဆင့်သတ်မှတ်ပြီး အပျက်အစီးများကာ ရစ်ချ်တာ စကေး ၇ ဒသမ ၆ နှင့် အထက် လှုပ်ခတ်သော ငလျင်ကို အားအလွန်ပြင်းအဖြစ် သတ်မှတ်ပြီး ကြီးမားသော ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပွားနိုင်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ၇ ဒသမ ၅ အဆင့်ရှိ အင်အားပြင်း ငလျင်များအထိ လှုပ်ခတ်မှုရှိခဲ့ဖူးကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ၏ အချက်အလက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here