ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်၍ အော်တိုတယ်လီဖုန်း နံပါတ်များအား ပြောင်းလဲမည်

0
298

တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်သည့်အတွက် အော်တိုတယ်လီဖုန်း နံပါတ်များအား ပြောင်းလဲမည်ဖြစ်ကြောင်း ဇူလိုင်လ ၂၇ ရက်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ သတင်းထုတ်ပြန်ထားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေးနှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) အား မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် ကြိုးမဲ့စနစ်သုံး (Fixed Wireless) တယ်လီဖုန်းများဖြင့် ပြောင်းလဲသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများအား ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်း လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here