တောင်သာမြို့တွင် နွားရောင်း/ဝယ်သူ အမျိုးသား (၁) ဦး ပစ်ခတ်ခံရ၍ သေဆုံး

0
153

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဇဗ္ဗူသီရိကျေးရွာတွင် နွားရောင်း/ဝယ်သူ အမျိုးသား (၁) ဦး ဇူလိုင်လ ၂၈ ရက်၊ မွန်းလွဲပိုင်းက ပစ်ခတ်ခံရ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့မွန်းလွဲ ၂ နာရီခွဲခန့်က ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား (၂) ဦးသည် တောင်သာမြို့နယ်၊ ဇဗ္ဗူသီရိကျေးရွာနေ နွားရောင်း/ဝယ်သည့် ဦးဝင်းနိုင်(ခ)နိုင်ဝင်း အသက်(၅၄)နှစ် နေအိမ်သို့ ရောက်ရှိလာကာ သေနတ်ဖြင့်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် နေအိမ်တွင်ရှိနေသည့် ဦးဝင်းနိုင်(ခ)ဝင်းနိုင်တွင် ကျည်ထိမှန်ဒဏ်ရာ (၄) ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here