မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ကားတစ်စီးပေါ်မှ စိတ်ကြွဆေးပြား ( ၅၀၀၀၀) ဖမ်းဆီးရမိ

0
214

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်အရှေ့ရပ်ကွက်၊ (၉၄)လမ်းတွင် Toyota Fielder ကားပေါ်မှ စိတ်ကြွဆေးပြား (၅၀၀၀၀) ပြားကို ဇူလိုင်လ ၂၇ ရက်၊ ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ ညနေ ၄ နာရီ ၄၀ မိနစ်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါ၀င်သော ပူးပေါင်းအဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်အရှေ့ရပ်ကွက်၊ (၉၄)လမ်းတွင် ရန်နိုင်အေး (ခ) အာဘူကာလာမ့်(၅၂)နှစ် မောင်းကာ ဇော်ဇော် (ခ)မူဘာရာခ်(၂၉)နှစ်၊ မမိုးမိုးအေး(ခ)မောဒေါ (၄၅)နှစ်၊ လှ၀င်း(ခ)အွစ္စမာန်(၄၃)နှစ်နှင့် ဇော်မင်းနိုင်(ခ)မူဟာမတ်အလီ(၄၁)နှစ်တို့ လိုက်လာသည့် Toyota Fielder ကားအား ရပ်တန့်စစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ ၎င်းတို့ထံမှ ကျပ်သိန်း (၅၀၀) တန်ဖိုးရှိ စိတ်ကြွဆေးပြား (၅၀၀၀၀) ပြားအား ဖမ်း ဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ဖြစ်စဉ်မှ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူများအား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here