လူနာပို့ပြီးပြန်လာသည့်ကား ခွေးကိုရှောင်ရာမှ မတော်တဆဖြစ်ကာ ၂ ဦးဒဏ်ရာရ

0
81

ပဲခူးတိုင်း၊ပြည်မြို့အဝင်တွင် ဇူလိုင် ၃၀ ရက်(ယနေ့)နံနက်အစောပိုင်း ၃ နာရီခွဲခန့်က ရန်ကုန်-ပြည်သွားကားလမ်းအတိုင်း လူနာပို့ပြီးပြန်လာသည့် Hijet ကားသည် ပြည်မြို့အဝင်တွင် ခွေးအားတိမ်းရှောင်ရာမှ မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ သိရသည်။

“ပြည်မြို့အဝင်က နတ်မှော်ကွေ့မှာဖြစ်သွားတာပါ၊ အမျိုးသား ၂ ယောက်ဒဏ်ရာရသွားပါတယ်၊ ညာလက်ကျိုးတာ ခေါင်းကွဲတာ မျက်နှာပေါက်ပြဲတာတွေဖြစ်သွားကြတာပါ၊ မစိုးရိမ်ရပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသား ၂ ဦးအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) မှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် ပြည်မြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here