မြစ်ကြီးနားတွင် Pajero ယာဉ်တစ်စီး လမ်းလယ်ပ‌လက်ဖောင်းအား ၀င်တိုက်မိမှုကြောင့် တစ်ဦးသေ တစ်ဦး ဒဏ်ရာ

0
199

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် Pajero ယာဉ်တစ်စီး လမ်းလယ်ပ‌လက်ဖောင်းအားအရှိန်လွန်၀င်တိုက်မိမှုကြောင့် တစ်ဦးသေ တစ်ဦး ဒဏ်ရာရရှိမှု ယမန်နေ့ ဇူလိုင်လ ၂၉ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုသည် မြစ်ကြီးနားမြို့၊ အင်ဂျန်ဒုံရပ်ကွက် ဇေယျာမင်းဆီဆိုင်ရှေ့တွင် ယမန်နေ့ည ၁၀ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ယာဉ်တိုက်မှုက အရှိန်တော်တော်ပြင်းတယ်၊ ကားက ရစရာမရှိအောင်ပျက်စီးသွားတယ်၊ ထိခိုက်ဒဏ်ရာရရှိတာတွေကလည်း စိုးရိမ်ရတယ်” ဟု လူမှုကူညီရေးအသင်း၀င်တစ်ဦးကပြောသည်။

ယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ဦးမှာ နေရာတွင်ပင် သေဆုံးသွားပြီး အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည့်အတွက် လိုအပ်သည်များကနဦးပြုစု၍ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ – Myanmar Rescue (Kachin)


LEAVE A REPLY

Please enter your comment!
Please enter your name here