မြဝတီတွင် လူကုန်ကူးခံရသည့် အင်ဒိုနီးရှား နိုင်ငံသား (၂၆) ဦးကို ပြန်လည်ကယ်တင်နိုင်ခဲ့

0
338

မြန်မာနိုင်ငံရှိ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် လူကုန်ကူးခံရသည့် အင်ဒိုနီးရှားနိုင်ငံသား (၂၀) ကျော်ကို ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးက ထုတ်ပြန်ထားသည်။

အင်ဒိုနီးရှားနိုင်ငံသား အမျိုးသား (၂၁) ဦးနှင့် အမျိုးသမီး (၅)ဦး စုစုပေါင်း (၂၆) ဦးသည် မြဝတီမြို့တွင် လူကုန်ကူးခံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့ကို ပြန်လည်ကယ်တင်ခဲ့ရခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် လူကုန်ကူးခံရသည့် အဆိုပါ အင်ဒိုနီးရှား နိုင်ငံသား (၂၆) ဦးစလုံးကို မြဝတီမြို့ရဲစခန်းမှ ရန်ကုန်မြို့သို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး အင်ဒိုနီးရှားသံရုံးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

၎င်းတို့အား လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုများအတွက် ဒဏ်ငွေရိုက်ခြင်း သို့မဟုတ် အခြားပြစ်ဒဏ်ပေးခြင်းမျိုးမလုပ်ဘဲ မိခင်နိုင်ငံထံ ပြန်ပို့ခွင့်ပေးရန် အင်ဒိုနီးရှားသံရုံးမှ မြန်မာအာဏာပိုင်များထံ တောင်းဆိုထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here