လာမည့် စနစ်သစ် တက္ကသိုလ်ဝင်အောင်လက်မှတ်အတွက် လုံခြုံရေးအဆင့်မြှင့် ထုတ်ပေးရန်စီစဉ်နေ

0
210

လာမည့် ၂၀၂၄ ခုနှစ် စနစ်သစ်တက္ကသိုလ်ဝင် စာမေးပွဲအောင်လက်မှတ်များကို ယခင်အောင်လက်မှတ်ပုံစံများနှင့်မတူဘဲ လုံခြုံရေးအဆင့်မြှင့်တင်ပြီး ထုတ်ပေးရန် စီစဉ်ထားကြောင်း ပညာရေးဝန်ကြီးဌာနမှ နိုင်ငံပိုင်သတင်းဌာနတွင်ပြောကြားထားသည်။

၂၀၂၄ ခုနှစ် စနစ်သစ်တက္ကသိုလ်ဝင် စာမေးပွဲအောင်လက်မှတ်ကို လုံခြုံရေးစနစ်မြှင့်၍ ထုတ်ပေးရန် ကြိုးစားဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရန်ကုန်ရုံးခွဲမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်လွင်က ပြောကြားထားခြင်း ဖြစ်သည်။

“၂၀၂၄ မှာထုတ်ပေးမယ့်ဟာမှာ Micro Printing ဆိုတယ့် မှန်ဘီလူးနဲ့ ကြည့်လိုက်မှပေါ်တယ့်ဟာပါတယ်။ နောက်ပြီး UV နဲ့ထိုးလို့ရှိရင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့ logo ရယ် နှစ်ခုပေါ်တယ့်ဟာပါတယ်။ UV light နဲ့ထိုးကြည့်မှ ပေါ်တယ်။ အသစ်မှာက (၇) မျိုးလောက်ပေါ်တဲ့ဟာပါမယ်” ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ ရန်ကုန်ရုံးခွဲက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသက်လွင်က ပြောကြားထားသည်။

ထို့ပြင် ၂၀၂၃ ခုနှစ်အတွက် တက္ကသိုလ်ဝင်အောင်လက်မှတ်များကိုလည်း ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်ကစတင်ပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ နေပြည်တော်နှင့် ရန်ကုန်ရုံးခွဲတို့တွင် ထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲတွင်တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့်ဖြေဆိုသူ တစ်သိန်း ခြောက်သောင်းကျော်ရှိသည့်အနက် တစ်သိန်းတစ်သောင်း နီးပါး အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၆၇ ဒ သမ ၈၇ ရာခိုင်နှုန်း ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည့်အချက်အလက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here