သမိုင်းမုဒိတာအိမ်ရာတွင် အသက် ၂၅ အရွယ်လူငယ်တစ်ဦး တိုက်​ပေါ်၄ လွှာမှခုန်ချမှုဖြစ်ပွား

0
436

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ သမိုင်းမုဒိတာအိမ်ရာတွင် ယနေ့ ဇူလိုင်လ ၃၀ ရက် ညနေပိုင်းက လူငယ်အမျိုးသားတစ်ဦး တိုက်​ပေါ်မှခုန်ချမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ အထက်ဗဟိုလမ်းမ​ပေါ် သမိုင်းမုဒိတာအိမ်ရာ(၁) (B) ​ဆောင် (၄)လွှာရှိ အခန်းတစ်ခန်းမှ အသက် ၂၅ အရွယ်ရှိလူငယ် အမျိုးသားတစ်ဦးသည် ယနေ့ ညနေ ၆ နာရီ ၂၀ မိနစ် ခန့်က နောက်ဖေးလှေကားမှ ခုန်ချခြင်းဖြစ်ကြောင်း သိရသည်။

” နောက်ဖေးလှေကားကနေ ခုန်ချတာပါ မြေပြင်ပေါ်တိုက်ရိုက်မကျပဲ sunshade ပေါ်ကနေတဆင့်ကျတာကြောင့် သက်သာသွားတယ်၊ ခေါင်းကွဲတာမျိုးဘာညာ မရှိပါဘူး၊ သတိတော့လစ်သွားတယ်” ဟု “ရွှေရောင်သမိုင်း” အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် “​ရွှေ​ရောင်သမိုင်း”အ​ရေး​ပေါ်ကယ်​ဆယ်​ရေးနှင့် လူမှုအ​ထောက်အကူပြုဖွံ့ဖြိုး​ရေးအသင်း လူနာတင်ယာဥ်ဖြင့် အသင်းဝင်များက အချိန်နှင့်တစ်​ပြေးညီသွား​ရောက်၍ အဆိုပါအမျိုးသားလူနာအား အင်းစိန်​ဆေးရုံ အရေးပေါ်ဌာနသို့ အသက်ရှင်လျက် ပို့​ဆောင်ကူညီ​ပေးခဲ့သည့်အတွက် မစိုးရိမ်ရတော့ကြောင်း သိရသည်။

ဓာတ်ပုံ – ရွှေရောင်သမိုင်း


LEAVE A REPLY

Please enter your comment!
Please enter your name here