ထိုင်ဝမ်အတွက်အမေရိက၏စစ်ရေးအကူအညီက ပြည်မကို ထိုင်ဝမ်နှင့် ပေါင်းစည်းလိုသောဆန္ဒအား တားနိုင်မည်မဟုတ်ဟုတရုတ်ဆို

0
164

တိုင်ပေ၊ဇူလိုင် ၃၀

အမေရိကန်နိုင်ငံက ထိုင်ဝမ်အတွက် ကန်ဒေါ်လာ ၃၄၅ သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအကူအညီပေးမည့်အစီအစဉ်အား ကြေငြာလိုက်သဖြင့် အမေရိကသည်ထိုင်ဝမ်အား ခဲယမ်းမီးကျောက်သိုလှောင်ရာနေရာတစ်ခုအဖြစ်ပြောင်းလဲလိုက်သည်ဟု တရုတ်နိုင်ငံကစွပ်စွဲခဲ့သည်။

ထိုင်ဝမ်အား၎င်း၏ပိုင်နက်အဖြစ်ယူဆထားသော တရုတ်သည် အမေရိကန်၏ စစ်ရေးထောက်ပံ့မှုအပေါ် ဆန့်ကျင်သည့် ကြေငြာချက်တစ်ခုကိုလည်း ထုတ်ပြန်ကြေငြာခဲ့သည်။

“ထိုင်ဝမ်ခွဲထွက်ရေးသမားတွေက ပြည်သူတွေဆီကအခွန်တွေနဲ့ ဘယ်လောက်ပဲစစ်သုံးစရိတ်တိုးတိုး၊အမေရိက ကဘယ်လောက်ပဲကူညီကူညီ ကျွန်ုပ်တို့ရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ ထိုင်ဝမ်နဲ့တရုတ်ပြည်မကိုပေါင်းစည်းမဲ့ ဆန္ဒကိုအဟန့်အတားမပြုနိုင်ပါဘူး” ဟု တရုတ် – ထိုင်ဝမ်ရေးရာမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှအချိန်မရွေးပြုလုပ်လာနိုင်သည့် ရန်စကျူးကျော်မှုများအား ဟန့်တားနိုင်ရန် ထိုင်ဝမ်အတွက် ကန်ဒေါ်လာ ၃၄၅ သန်းတန်ဖိုးရှိ စစ်ရေးအကူအညီကိုပေးမည်ဟု အမေရိကန်က သောကြာနေ့ကတရားဝင်ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကလည်း အမေရိက၏အကူအညီအတွက် အထူးကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်။ ထိုင်ဝမ်နှင့်အမေရိကတို့အနေဖြင့် ထိုင်ဝမ်ရေလက်ကြား၌ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုရှိရေးကို ထိန်းသိမ်းနိုင်ရန် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်းပြောကြားခဲ့သည်။

ထိုင်ဝမ်သည် ၁၉၄၉ ခုနှစ်ပြည်တွင်းစစ်၌ တရုတ်ပြည်မကြီးမှခွဲထွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတရုတ်သမ္မတရှီကျင့်ဖျင်ကမူ တရုတ်ပြည်မကြီးအနေဖြင့် ထိုင်ဝမ်အား ပြည်မကြီး၏အုပ်ချုပ်မှုအောက် အချိန်မရွေးသွတ်သွင်းခွင့်ရှိသည်ဟုလည်းဆိုထားသည်။

ပြီးခဲ့သည့်နှစ်များအတွင်းကလည်း တရုတ်စစ်တပ်သည် ထိုင်ဝမ်နှင့်အနီးတစ်ဝိုက်တွင် စစ်ရေးလေ့ကျင့်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ပစ်မှတ်ထားတိုက်ခိုက်မှုများနှင့် ကျွန်းကိုပိတ်ဆို့ခြင်းများအားအသွင်ယူလေ့ကျင့်ခဲ့သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here