မော်စကို မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်ပြီးနောက် “စစ်ပွဲက ရုရှားဖက်ပြန်လှည့်ပြီ” ဟု ဇလန်းစကီးဆို

0
226

မော်စကိုကို ယူကရိန်းက ဒရုန်းများဖြင့် ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း ရုရှားတွေက စွပ်စွဲပြီး နာရီပိုင်းအကြာတွင်ပင် “စစ်ပွဲက ရုရှားဖက်ပြန်လှည့်ပြီ” ဟု ယူကရိန်းသမ္မတ ဇလန်းစကီးကပြောကြားလိုက်သည်။

မောင်းသူမဲ့လေယာဉ် ၃ စင်းကို တနင်္ဂနွေနေ့က ကြားဖြတ်ဟန့်တားခဲ့သော်လည်း မြို့တော်အနောက်ဘက်ရှိ စီးပွားရေးနှင့် ဈေးဝယ်စင်တာတစ်ခု ထိခိုက်မိခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အထပ် ၅၀ အမြင့်ရှိ အဆောက်အအုံ၏ ပဉ္စမနှင့် ခြောက်ထပ်တို့ ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးမှုမရှိကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ TASS က ဖော်ပြခဲ့သည်။

ဗီဒီယိုများတွင် အပျက်အစီးများအပြင် အရေးပေါ်ဝန်ဆောင်မှုများကို ပြသထားသည်။

“ယူကရိန်းက ပိုအားကောင်းလာပြီး စစ်ပွဲက ရုရှားရဲ့ နယ်မြေ၊ သူ့ရဲ့ အထင်ကရ အချက်အချာကျတဲ့ နေရာတွေနဲ့ စစ်အခြေစိုက်စခန်းတွေဆီကို တဖြည်းဖြည်း ပြန်သွားနေပါတယ်” ဟု ဇလန်းစကီးက ၎င်း၏နေ့စဉ်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here