နစ်မြုပ်သွားသည့် မလေးရှားကုန်တင်သင်္ဘော ပြန်လည်ဆယ်ယူနိုင်ခဲ့

0
210

မလေးရှား ရေပိုင်နက်အတွင်း နစ်မြုပ်ခဲ့သည့် ကုန်တင်သင်္ဘောကို ဇူလိုင် (၃၀) ရက်တွင် ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း Matime Malaysia မှ သိရသည်။

ဇူလိုင်လ (၂၀) ရက်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ သင်္ဘောနစ်မြုပ်မှု ဖြစ်စဥ်တွင် မြန်မာနိုင်ငံသား (၄) ဦး၊ မလေးရှားနိုင်ငံသား (၄) ဦးတို့နှင့် အင်ဒိုနီးရှားနိုင်ငံသား (၁) ဦး၊ စုစုပေါင်း (၉) ဦးပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

မလေးရှား ရေကြောင်းထိန်းသိမ်းရေး အေဂျင်စီနှင့် ကယ်ဆယ်ရေးအဖွဲ့ဝင် (၁၀၀) ကျော်ပါဝင်သည့် ပူးပေါင်းအဖွဲ့များသည် သင်္ဘောနစ်မြုပ်ရာမှ ပျောက်ဆုံးသွားသူများကို ဇူလိုင်လ (၂၀) ရက်မှစတင်ကာ ရေပြင်၊ ဝေဟင်မှ ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ (၅) ဦးကိုသာ တွေ့ရှိထားကြောင်း သိရသည်။

လက်ရှိအချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်သည့် သင်္ဘောသားများကို ကယ်ဆယ်ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

ပြန်လည်တွေ့ရှိထားသည့် ရုပ်အလောင်းများသည် မည်သူမည်ဝါ မခွဲခြားနိုင်သေးဘဲ မြန်မာနိုင်ငံသားများ၏ အလောင်းကို ခွဲခြားသိနိုင်ရန်အတွက် DNA စစ်ဆေးနိုင်ရန် မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားများ အလုပ်သမားများ အဖွဲ့ချုပ်မှလိုက်လံကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

Photo-Matime Malaysia


LEAVE A REPLY

Please enter your comment!
Please enter your name here