ပေကျင်း၌ တိုင်ဖွန်းမုန်တိုင်းကြောင့် မိုးကြီးကာ လူထောင်ချီဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရ

0
243

ပေကျင်း၊ဇူလိုင် ၃၁

တိုင်ဖွန်းမုန်တိုင်းဒေါ့ခ်ဆူရီ၏အရှိန်ဖြင့် ပေကျင်း၌ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် လူပေါင်း ၃၁,၀၀၀ အား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးထားရကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

တိုင်ဖွန်းမုန်တိုင်းဒေါ့ခ်ဆူရီသည် တရုတ်နိုင်ငံသို့ဝင်ဖူးသမျှမုန်တိုင်းများတွင် အပြင်းထန်ဆုံးဖြစ်ပြီး အဆိုပါမုန်တိုင်းကြောင့် တရုတ်နိုင်ငံတောင်ပိုင်း ဖူဂျီယန်ဒေသ၌လည်း ရေကြီးရေလျှံမှုလည်းဖြစ်ပေါ်စေခဲ့သည်။

ပေကျင်း၏မိုးရေချိန်သည် ညတွင်းချင်း၌ပင် ၁၄၀ ဒသမ ၇ မီလီလီတာအထိရှိခဲ့ပြီး ပညာရှင်များ၏သုံးသပ်ချက်အရ နိုင်ငံ၏တောင်ပိုင်းနှင့်အနောက်ပိုင်းရှိဒေသများ၌ မိုးရေချိန်သည်ဆက်လက်မြင့်တက်နေဦးမည်ဟုလည်းသိရသည်။

သို့သော် ယခုအချိန်အထိ ‌ထိခိုက်ပျက်စီးမှုနှင့်သေဆုံးမှုမျိုးမရှိသေးကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

မုန်တိုင်းကြောင့်ဆောက်လုပ်ရေးလုပ်ငန်းခွင်ပေါင်း ၄,၀၀၀ ကျော် လုပ်ငန်းရပ်ဆိုင်းခဲ့ရပြီး အဆောက်အအုံ ၂၀,၀၀၀ နီးပါးပျက်စီးနိုင်ခြေရှိမရှိကိုစစ်ဆေးထားကာ မြို့တွင်းရှိ အပမ်းဖြေနေရာများကိုလည်းပိတ်ထားခဲ့ကြောင်း မီဒီယာများ၌ဖော်ပြခဲ့သည်။

တိုင်ဖွန်းဒေါ့ခ်ဆူရီသည် ဆက်လက်တိုက်ခတ်နေချိန်တွင် တိုင်ဖွန်းခနွန်သည်လည်း ချဉ်းကပ်လာနေပြီး ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံ၏ လူဦးရေထူထပ်သော ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်နိုင်မည်ဟုလည်းခန့်မှန်းထားကြသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here