ဂျပန်နိုင်ငံမှ အလုပ်ကမ်းလှမ်းစာ (၂၈၃) စောင်ဖြင့် မြန်မာလုပ်သား (၈၀၀) ကျော်ခေါ်ယူ

0
172

ဂျပန်နိုင်ငံရှိ ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား (၈၈၄) ဦးကို ထပ်မံခေါ်ယူထားကြောင်း တိုကျိုမြို့ရှိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့ ဇူလိုင် (၃၁) ရက်တွင် အသိပေး ထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ကမ်းလှမ်းလာသည့် မြန်မာလုပ်သား ၈၀၀ ကျော်အတွက် အလုပ်ခေါ်စာများကို ဇူလိုင်လ (၁၈) ရက်နေ့မှ (၃၁)ရက်အတွင်း စိစစ်ထားသည့် အလုပ်ကမ်းလှမ်းစာ (၂၈၃) ခု ဖြစ်ကြောင်း သိရသည်။

အဆိုပါ အလုပ်ကမ်းလှမ်းထားသည့် စက်ရုံ၊ ကုမ္ပဏီများ သည် ဂျပန်နိုင်ငံတွင် တရားဝင် တည်ထောင်ထားခြင်း ရှိ/မရှိနှင့် စာရွက်စာတမ်း အထောက်အထားများကို စိစစ်ပြီး တွေ့ရှိချက် သဘောထား မှတ်ချက်များအား နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာလုပ်သားများအနေဖြင့် ဂျပန်နိုင်ငံတွင် တရားဝင်သွားရောက်အလုပ်လုပ်ကိုင်လိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ်၊ ခရိုင်တို့ရှိ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရုံးများတွင် စုံစမ်းနိုင်ပြီး သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here