အမေရိကမှကူးစက်လာသည့်တောမီးကြောင့် ကနေဒါအနောက်ပိုင်း၌ ပြောင်းရွှေ့အမိန့်ထုတ်ထားရဟုဆို

0
219

အော်ဆိုးယူး၊ဇူလိုင် ၃၁

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ်မှ နယ်စပ်ဖြတ်ကျော်ကူးစက်လာသည့်တောမီးလောင်ကျွမ်းမှုကြောင့် ကနေဒါနိုင်ငံ အော်ဆိုးယူးမြို့နှင့် ကိုလမ်ဘီယာအနီးတစ်ဝိုက်ရှိခရိုင်များအား စနေနေ့ညနှောင်းပိုင်းက ရွှေ့ပြောင်းအမိန့် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

Eagle Bluff ဟုခေါ်သောတောမီးသည် အော်ဆိုးရူးမှ ၄ ကီလိုမီတာခန့်အကွာတွင်ရှိပြီး လက်ရှိတွင် လောင်ကျွမ်း‌နေသည်မှာ ကနေဒါနယ်စပ်၌ ဟက်တာ ၈၈၅ ခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း ဗြိတိသျှကိုလမ်ဘီယာ တောမီးဌာန ၏အဆိုအရသိရသည်။

တောမီးဌာန ၏ခန့်မှန်းချက်အရ အမေရိကန်ပြည်ထောင်စုဘက်ခြမ်းတွင် ဟက်တာ ၂,၀၀၀ ခန့် လောင်ကျွမ်းနေနိုင်သည်ဟုဆိုသည်။

ကနေဒါ – အမေရိကန်နယ်စပ်ရှိ မြောက်ဘက်အဝေးပြေးလမ်းမကြီး အမှတ် ၉၇ နှင့် အဝေးပြေးလမ်းမအမှတ် ၃ အနီးတစ်ဝိုက်ဧရိယာများနှင့် အနောက်နှင့်မြောက်ဘက်ရှိ အမှတ် ၃ အဝေးပြေးလမ်းမကြီးတို့အား ပြောင်းရွှေ့အမိန့်ထုတ်ထားသည်ဟုသိရသည်။

“စုစုပေါင်း နေအိမ် ၇၃၂ လုံးကို ဘေးလွတ်ရာ ရွှေ့ပြောင်းရန်အမိန့်ပေးထားပြီး ကျန် ၂,၀၉၄ လုံးကိုလည်း ဘေးလွတ်ရာရွှေ့ပြောင်းရန်သတိပေးထားပါတယ်” ဟုတာဝန်ရှိသူတစ်ဦးကဆိုသည်။ လူပေါင်း ၁၃၀ ကျော်သည်လည်း အရေးပေါ်အကူအညီတောင်းခံခဲ့ကြောင်း မစ္စတာ သမ်ဆန်က ပြောကြားခဲ့သည်။

Source : The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here